part_4

419 60 24
                                    

အပိုင်း_၄

.......

ဓာတ်ခွဲခန်းက ဦးဆုံးထွက်လာတဲ့ဟန်ဆိုးက ခေါင်းမှာစွပ်ထားတဲ့ တစ်ခါသုံး‌ခေါင်းစွပ်ကို အလျှင်စလိုချွတ်၍ နှာခေါင်းစည်းမက်စ်နဲ့အတူ လက်ထဲဆုပ်ကိုင်လျှက်၊ ခပ်ထူထူမျက်ခုံးနှစ်ဖက်အား တည်တန်းထားသည်။  သူ့နောက်ကနေ မျက်နှာရိပ်ကဲကြည့်ပြီး လိုက်လာတဲ့ လုံးတုံးတုံး omegaလေးမှာလည်း ဟန်ဆိုး၏ခြေလှမ်းများကို အမှီလိုက်နေရ‌ရှာသည်။

"ဟ..ဟန်ဆိုးရား..."

ဆွန်းဂွမ်ခေါ်လိုက်သော်လည်း လှည့်မကြည်ပါပဲ ဒေါနဲ့မောနဲ့ထွက်ခွာသွားသူက ကော်ရိတ်တာရောက်‌ေတာ့မှ ‌ရပ်၏။ ထို့နောက် တင်းကြိတ်ထားတဲ့အံဆုံးကို တရွေ့ရွေ့ဖြည်လျှော့ရင်းမှ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူသွင်းနေသည်။

"အဲ့လောက်စိတ်မပူပါနဲ့..Boss ..သူအဆင်ပြေသွားမှာပါ"

"ငါတို့စောစောတည်းက ရှာတွေ့ခဲ့သင့်တာ"

"အခုလည်းနောက်မကျသေးပါဘူး၊ နော်....စိတ်ကိုအရမ်းတင်းမထားနဲ့ အဆင်ပြေသွားမှာ"

ကိုးနှစ်နီးပါး ကုသနေခဲ့ရတဲ့ မင်ဂယူ့ရောဂါအခြေနေမှန်ကို ကုသရန် ဆေးနည်းက ယနေ့မနက်ထိ ရှာမတွေ့ခဲ့တာ အမှန်ပါ။ သို့သော် ယခုလက်ရှိနောက်ဆုံး စစ်ဆေးမှုအရ မင်ဂယူ့အတွက် ကုသနည်းတစ်မျိုးရှာတွေ့ခဲ့ပြီဖြစ်သလို ဆေးနည်းက အလုပ်ဖြစ်၊မဖြစ်တော့ မသေချာသေး။ ဒါ့အပြင် လက်ရှိမှာ အန္တရာယ်ရှိနေပြီဖြစ်တဲ့ မင်ဂယူ့အ‌ေခြ‌ေနအတွက် ဒီဆေးနည်းသာ မကိုက်ညီခဲ့ပါက နောက်ဆက်တွဲက မတွေးဝ့့ံစရာ...။

"အဆင်ပြေတယ် ဟန်ဆိုးရား...ဟျောင်းအဆင်ပြေသွားမှာ။ မင်းလည်းကူညီပေးမှာဆိုတော့ ဆေးက မြန်မြန်ထွက်လာမှာပါ။ ငါမင်းကိုယုံတယ်"

ဆက်မတွေးရဲတဲ့ ကိစ္စတွေကို ဆွန်းဂွမ်ရဲ့နှစ်သိမ့်မှုကိုခံယူရင်းမှ မေ့ထားလိုက်ရသည်။သို့‌ေသာ်ညား ဟန်ဆိုးအား နှစ်သိမ့်နေတဲ့ပိုးတုံးလုံးလေးက ဟန်ဆိုးထက်ပင် ပိုငိုချင်နေသယောင်ရှိ၏။

စိတ်ပျက်အားငယ်‌စရာ‌ေတွကြံုရတဲ့အခါတိုင်းတွင် အနားမှာအမြဲရှိနေပေးတဲ့ ဒီသူငယ်ချင်းကိုပဲ ခေါင်းထဲထည့်ထားရင်ဖြင့်၊ အခြားသောမလိုအပ်တာတွေအတွေးမချော်သွားဖို့ရာ ဟန်ဆိုး သေချာသလိုရှိသည်။

PartnerWhere stories live. Discover now