part_11

650 79 28
                                    

အပိုင်း_၁၁

......

ညနေဘက်ရုံးဆင်းတော့ အိမ်ကိုထပ်ရောက်လာတဲ့ အလုပ်ရှင်ကြောင့် ၀န်ဝူးအကြပ်ရိုက်လို့နေသည်။ မနက်ကအကြောင်းပြချက်ရေရေရာရာမရှိပဲခွေးစိတ်ပေါက်ပြီး  ထိုးလိုက်မိတာကို ပြန်တွေးရင် အခုချက်ချင်းဒူးထောက်တောင်းပန်လိုက်ချင်သည်။ ဖြစ်နိုင်တာက ၀န်ဝူး rutကာလမို့ အနည်းငယ်စိတ်မရှည်တာကြောင့် ထိုသို့အမှားကိုကြူးလွန်မိခြင်းသာ။ တိုက်တိုက်ဆိုင်ဆိုင် ဘေးမှာရှိနေတာက omegaမဟုတ်ပဲ ကိုယ့်ထက်အဆင့်မြင့်တဲ့ alphaတစ်ယောက်ဖြစ်နေတော့  တစ်ဖက်လူကမရည်ရွယ်ပဲထုတ်လွှတ်လိုက်သည့် ရန်လိုနေသော pheromones မှာကိိုယ့်စိတ်ကိုယ့်သ‌ေဘာနဲ့ကိုယ်ဖိနှိပ်ခံလိုက်ရ၍ ပိုဆိုးသွားခြင်းဖြစ်သည်။ သို့သော် မင်ဂယူသိသွားတော့ သူ့အား rutဖြေလျှော့ရန် ခွင့်သုံးရက်ပေးခဲ့ပါသည်။

"ဆေးရုံအုပ် ဘာကိစ္စ  ရှိလို့လဲမသိဘူး"

အိမ်တံခါးကိုဖွင့်ပေးရင်းပြောလိုက်တော့ ၀န်ဝူးမျက်နှာရှေ့ရောက်လာတဲ့ သစ်ခွပန်းလေးတစ်စည်း။ ဒီပန်းက ဒီနိုင်ငံမှာ အလွယ်တကူမတွေ့နိုင်တဲ့ မျိုးစိပ်၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ၀န်ဝူးရဲ့ pheromonesရနံ့။

"ဒါက..."

"တောင်းပန်တာပါ မနက်ကအတွက်"

"ဗျာ...။ အာမဟုတ်တာ..ကျွန်တော်ကတောင်းပန်ရမှာပါ။  စိတ်လိုက်မာန်ပါလုပ်မိလို့ တောင်းပန်ပါတယ် ဆေးရုံအုပ်"

ခါးကိုကိုင်းချလို့ တရိုတသေတောင်းပန်လိုက်တော့ မင်ဂယူက ဘာစကားမှမတုန့်ပြန်ခဲ့။ အဲ့အစား ဘောင်းဘီမှာကပ်ထားတဲ့ ၀န်ဝူးလက်သီးဆုပ်လေးထဲသို့ ပန်းစည်းကိုအတင်းထိုးထည့်ပေးသည်။

"အိမ်ရှင်ဆန္ဒမပါပဲ ကုတင်ပေါ်တက်အိပ်မိတာလည်းတောင်းပန်ပါတယ်၊ နမ်းမိတာလည်းတောင်းပန်ပါတယ် ကျွန်တော့ကြောင့် ပင်ပန်းတဲ့ကြားကသေချာမနားလိုက်ရတာလည်းတောင်းပန်ပါတယ်၊ အဲ့တာကြောင့် ဒီနေ့လို ရုံးမှာ ရှောင်မနေပါနဲ့လား။ အဲ့လိုကျ ကျွန်တော့အပြစ်ကြီးသလိုခံစားရလို့"

"အာ...ကျွန်တော်တမင်ရှောင်တာမဟုတ်ပါဘူး နေ့လည်က ဟန်ဆိုး ခိုင်းလို့ ပါမောက္ခတွေဆီ သွားနေရလို့ပါ ။ ပြီးတော့ ကျွန်တော်လည်းတောင်းပန်ပါတယ် "

PartnerWhere stories live. Discover now