part_9

889 82 24
                                    

အပိုင်း_၉

......

မင်ဂယူ့အခန်းထဲကထွက်လာတော့ ၀န်ဝူးဟန်မပျက်ပဲ ကိုယ့်ခုံမှာကိုယ်၀င်ထိုင်ဖို့လုပ်လိုက်သည်။ ထိုအခါစားပွဲပေါ်ခြေတင်ပြီး ဖုန်းကြည့်နေတဲ့ဟန်ဆိုးက မော့ကြည့်လာကာ..

"ဟျောင်း..မင်ဂယူဟျောင်းကိုသေချာကျွေးခဲ့လား"

"ဟမ်.."

"နေ့လည်စာလေ.."

"အမ် အော် အင်း သေချာကျွေးခဲ့တယ်"

"၀န်ဝူးရှီး အလုပ်မရှိရင် ကျွန်တော့ကို bossစားပွဲပေါ်က အပြာရောင်ဖိုင်အပါးလေး သွားယူခဲ့ပေးပါလား"

"ဗျာ ဟုတ်ကဲ့"

‌အခန်းထဲရောက်မစိုက် ဆွန်းဂွမ်ကခိုင်းလာတော့ မင်ဂယူ့အခန်းဘက် ပြန်သွားရပြန်သည်။ Very first timeဖြစ်တာ‌ေကြာင့် ၀န်ဝူးအောက်ပိုင်းကနာကျင်မှုထက် အစာအိမ်က ပိုနာနေသလိုရှိလှရာ ဗိုက်ကိုအနည်းငယ် ဖိကိုင်ထားမိ၏။

ထို့နောက် မင်ဂယူ့စားပွဲပေါ်က ဖိုင်ကိုသွားယူပြီး ချက်ချင်းပြန်မထွက်ပဲ သီးသန့်ခန်းထဲက ကိုယ်တော်လေးအခြေနေကို တစ်ချက်၀င်စစ်လိုက်သည်။ pheromonesအထုတ်များပြီး ခေါင်းမူးလို့ပါဆိုကာ boxerတစ်ထည်တည်း၀တ်ပြီး ကုတင်ပေါ်မှောက်အိပ်နေပါသောကြောင့် သူကတစ်ပြန် စောင်ပါးလေးခြုံပေးခဲ့လိုက်ရသည်။ ထိုအခါ အိပ်ချင်မူးတူးနဲ့ ၀န်ဝူးလက်ဖဝါးကို ပါးနဲ့ဆွဲကပ်တာ ခပ်စူစူလေးပြောလာသည်က..

"တောင်းပန်ပါတယ်ဟျောင်း.."

တဲ့လေ။
ဒီကောင်လေးက လူကိုကြမ်းရမ်းထားပြီး သူကပို၀မ်းနည်းပြနေတာပါပဲ။

"မုန်းဖို့ကောင်းလိုက်တာ.."

၀န်ဝူးတစ်ဖက်ခန်းကိုပြန်သွားပြီး ဆွန်းဂွမ်ကိုလုပ်ကူရင်းမှ အလုပ်ဆင်းတော့ ဟန်ဆိုးက ဆွန်းဂွမ်ကိုလိုက်ပို့မယ်ပြောနေရာ ချစ်စရာ omegaပေါက်လေးက သူ့Bossကိုသာ အိမ်ထိအိမ်ရောက်သေချာလိုက်ပို့ပေးဖို့ ပြန်တောင်းဆိုသည်။ ထိုအခါမှုန်ကုတ်သွားတဲ့ ဟန်ဆိုးက ၀န်ဝူးကိုလှည့်ကြည့်လာပြီး..

"ဟျောင်း...ဟီးဟီး..."

၀န်ဝူးမှာတော့ အလုပ်ရှင်တွေအမိန့်အတိုင်း တစ်ဖက်ခန်းက မင်ဂယူ့ထံပြန်သွားရပြန်သည်။

PartnerWhere stories live. Discover now