Episode 20(Uni/Zawgyi)

1.7K 218 42
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၀)

လေးညှို့ တစ်ရေးနိုးတော့ ဖုန်းကိုအမှတ်တမဲ့ ကြည့်မိရာ သက္ကရာဇ်ဦးညိုဆီမှ ပို့ထားသည့် message ကိုတွေ့လိုက်ရသည်။ဝန်မခံချင်ပေမယ့် လေးညှို့ လုံးဝအိပ်မပျော်သွားခင်အချိန်ထိ သူ့ဆီမှဖုန်းကိုစောင့်နေခဲ့သည်။

“ဖုန်းခေါ်မယ်ပြောပြီး အလကားလူ!”

ဖွင့်မဖတ်ဘဲနေဖို့ ဆုံးဖြတ်ထားသော်လည်း မသိစိတ်က မနေနိုင်သဖြင့် ဖတ်ကြည့်လိုက်သည်။

🦋အိပ်ပျော်သွားပြီလား

🦋ကိုယ်မိသားစုကိစ္စလေးရှိလို့ လေးဆီဖုန်းမခေါ်ဖြစ်လိုက်ဘူး

🦋စိတ်မဆိုးပါနဲ့နော်

🦋 good night ကိုယ့်လေး sweet dream

🦋ချစ်တယ်...

အောက်‌ဆုံးမှာမြင်လိုက်ရသော စာလေးနှစ်လုံးကြောင့် လေးညှို့နားရွက်ဖျားလေးတွေနီသွားရသည်။
ဒီတိုင်း စာလေးနှစ်လုံးက မသိလျှင် သူကိုယ်တိုင် သူ့နားကပ်ပြောလိုက်သလို ကြက်သီးဖုလေးတွေထသွားရသည်။

“ဘယ်သူကစိတ်ဆိုးတယ်ပြောလို့လဲ...ထင်ချင်ရာထင်နေတာပဲ...”

လေးညှို့ တိုးတိုးလေး ပြောလိုက်ရင်း တစ်ခုခုပြန်ပို့ဖို့စဉ်းစားလိုက်သည်။နာရီကြည့်လိုက်တော့ ၄နာရီထိုးပြီးကာစရှိသေးတာမို့ အိပ်နေတုန်းဖြစ်လောက်မည်။
ထို့ကြောင့်

🍁စိတ်မဆိုးပါဘူးဗျ

“ဝတ်ကျေတမ်းကျေကြီးများဖြစ်နေမလား ”
တစ်ခုခုထပ်ပို့ဖို့ လေးညှို့စာရိုက်နေတုန်း ‌သက္ကရာဇ်ဆီမှ စာဝင်လာသည်။

🦋 Morning ကိုယ့်လေး...

🦋အစောကြီးနိုးနေတာလား

🍁 Morning,ဟုတ်တယ်...

🍁မင်းရော အစောကြီးနိုးနေတာလား

🦋ကိုယ်က မအိပ်ရသေးတာ...

🍁ဘာဖြစ်လို့

🦋 ဒယ်ဒီတို့နဲ့ အရေးကြီးတဲ့ကိစ္စလေးတစ်ချို့တိုင်ပင်နေကြတာမို့ မိုးလင်းပေါက်သွားလို့ မအိပ်ဖြစ်တော့တာ...

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Where stories live. Discover now