Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၄)AKAကုမ္ပဏီ၏ နှစ်ပြည့်ပွဲ မကြာခင်အချိန်တွင်းကျင်းပတော့မည်ဖြစ်သည့်အတွက် ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် ဧည့်သည်များ၊ဝန်ထမ်းများအကုန်လုံး ခန်းမအတွင်းသို့ရောက်ရှိနေကြပြီဖြစ်သည်။
လူတိုင်းကပျော်ရွှင်နေကြရာ မိန်းကလေးအဖွဲ့ဆိုလျှင် မှုန်နေအောင်ပြင်ထားပြီး အလှဆင်သည့်နေရာများမှာ ဓာတ်ပုံရိုက်လို့ပင်မပြီးတော့။အဖွဲ့လိုက်ရိုက်လိုက်၊တစ်ယောက်ချင်းရိုက်လိုက်၊နှစ်ယောက်တွဲရိုက်လိုက်ဖြင့် မအားလပ်နိုင်ဖြစ်နေကြသည်။
လေးညှို့တို့ ယောင်္ကျားလေးအဖွဲ့ကတော့ လိုအပ်သည်များလုပ်ပေးရန် ခပ်လှမ်းလှမ်းကထောင့်တွင် အသင့်အနေနှင့် ဧည့်သည်များရှိရာကို ကြည့်နေကြသည်။
တကယ်တမ်း လေးညှို့တို့ ကူညီဖို့ပင်မလို။Decorationပိုင်းမှစ၍ ဧည့်ခံပွဲအဆုံး အကုန်လုံး သေချာလူငှားပြီး စီစဉ်ထားတာဖြစ်သောကြောင့် လေးညှို့တို့လုပ်ဖို့လိုသည်က အေးဆေးထိုင်နေရုံပင်ဖြစ်သည်။မနက်စောစောထလာတာဖြစ်လို့ လေးညှို့ နည်းနည်းဗိုက်ဆာနေပြီဖြစ်သည်။ထို့ကြောင့် စိုင်းပြည့်စုံကိုခေါ်၍ ကုမ္ပဏီ နားနေခန်းဘက်သွားဖို့ရာပြင်လိုက်သည်။
“ကော်ဖီသွားသောက်မလို့လား....”
“ကော်ဖီသောက်ပြီးပြီ ဗိုက်ဆာလို့ တစ်ခုခုသွားစားမလို့...”
“ဘာလို့အဲ့ထိသွားစားမလို့လဲ ဒီမှာစုံနေအောင်ရှိတာပဲကို...”
“ဒီထဲကြာကြာနေရင် အမွှေးနံ့ပေါင်းစုံကြောင့် ခေါင်းမူးလို့ လေညင်းခံရင်းသွားမလို့ကွ...မလိုက်လဲနေ...”
သူ့ရှင်းပြနေရတာက ပိုကြာနေသဖြင့် လေးညှို့စိတ်မရှည်တော့။“လိုက်မှာပေါ့ကွ...မင်းကလည်းစိတ်ကြည့်ပဲ...ခဏနေရင် Bossခန်းမထဲ ဝင်လာတော့မှာကွ...ငါတို့မရှိနေရင်မကောင်းဘူးလေ...ပြီး ဒီနေ့ Bossမိဘတွေရောလာမှာ အဲ့ဒါကြောင့်မို့...”
စိုင်းပြည့်စုံ ပါးစပ်မှ ရှင်းပြရင်း လေးညှို့နောက်လိုက်ဖို့ လုပ်လိုက်သည်။