Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၈)Bossဖြစ်သူ၏တက်ကြွနေသော အမူအရာနှင့် ဝင်လာကတည်းကပြုံးနေသော မျက်နှာချောချောလေးကြောင့် တစ်ရုံးလုံးလည်း စိတ်ချမ်းသာနေကာ လူတိုင်းမျက်နှာမှာလည်း အပြုံးပန်းလေးတွေဝေနေ၏။
“မကြယ်ကြယ် Bossက တစ်ခုခုပျော်စရာရှိလို့ထင်တယ်နော် ပြုံးနေတာပဲ...အခုမှပဲ Bossပြုံးတာကို သေချာမြင်ဖူးတော့တယ်..”
“Bossလည်း ပျော်စရာကိစ္စတွေရှိချင်ရှိမှာပေါ့ သက်စုလေးရဲ့....”
အနားကိုကပ်၍ ပြောလာသော သက်စုနှင်းစကားကြောင့် ကြယ်စင် ပြုံးလိုက်မိသည်။Bossဘာလို့ ဒီလောက်ပျော်နေရတာလဲဆိုတာ သူ မောင့်ဆီက အကုန်သိပြီးပြီမို့ မအံ့ဩမိပေ။စိတ်ထဲအနည်းငယ် နှမြောမိသလိုရှိပေမယ့် မောင်ကလည်း သူ့သူငယ်ချင်းနှင့်ပတ်သက်ပြီး အကုန်ပြောပြထားသဖြင့် နှစ်ယောက်လုံး စိတ်ချမ်းသာပျော်ရွှင်စွာနှင့် သက်ဆုံးတိုင်ထိ လက်တွဲသွားနိုင်ဖို့ ဆုတောင်းပေးဖြစ်တာက သူမ၏ဆန္ဒဖြစ်သည်။ဒီသတင်းကို ဟိုအုပ်စုကိုမပြောပြဖြစ်။
Bossတို့က ပေါ်တင်တွဲမှာလား လျှို့ဝှက်ထားဦးမလား သေချာမသိသည့်အတွက် သတင်းကို သူ့ဆီမှပေါက်ကြားစေလို့မဖြစ်ပေ။“မကြယ်စင် ဟိုမှာ ကိုလေးညှို့ကို ကြည့်လိုက်ပါဦး...”
မျက်လုံးလေးဝိုင်းလျှက် တအံ့တဩပြောလာသော သက်စုစကားကြောင့် ကြယ်စင်လှည့်ကြည့်လိုက်ရာအပေါ်သို့ လှန်တင်ထားသောဆံစများကို နှဖူးပေါ် ဟိုတစ ဒီတစချထားကာ စူးရှနေသောမျက်ဝန်းစိမ်းများက ပြုံးယောင်သမ်းနေပြီး တွေ့သမျှလူတိုင်းကို နှုတ်ဆက်နေပုံမှာ အရမ်းကိုချောမောသလို သူတို့စိတ်ထဲအထူးအဆန်းလည်းဖြစ်မိသည်။
ပုံမှန်ဆို မျက်နှာထားတည်တည်လေးဖြင့် ဘယ်မှမကြည့်လဲ အလုပ်စားပွဲရှိရာသို့ တန်းသွားလေ့ရှိသဖြင့် ယခု လေးညှို့စိမ်းအမူအရာက တစ်ရုံးလုံးကို အံ့ဩစေတာကတော့ အမှန်ပင်ဖြစ်သည်။
ကာယကံရှင်ကတော့ ထိုအရာကိုသတိမထားမိဘဲ ပုံမှန်အတိုင်း စားပွဲကိုဝင်ထိုင်လိုက်ကာ အံဆွဲကိုဖွင့်ကြည့်လိုက်တော့ ကော်ဖီအေးဘူးလေးနှင့်စာရွက်လေးကို တွေ့လိုက်ရသဖြင့် ပြုံးပြီးယူဖတ်လိုက်သည်။