Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၀)“Hey ကာနယ်....”
ဒီနေ့ ထူးထူးခြားခြား ကာနယ်စိတ်တွေပေါ့ပါးနေသည်ဟုခံစားရသဖြင့် သူငယ်ချင်းဖြစ်သူကို ပြန်ပြီး နှုတ်ဆက်လိုက်သည်။
“Hey...ဂျိုးဒန်...”
ဆရာဂျိုး စိတ်အခြေအနေကောင်းနေပုံရသော ကာနယ်ကိုကြည့်ပြီး အခွင့်အရေးရခိုက် သူ့တပည့်လေးအတွက် ပြောပေးဖို့ပြင်လိုက်သည်။
"ငါအရင်တစ်ခါကမင်းကိုပြောဖူးတယ်လေ...မြန်မာနိုင်ငံက ငါ့တပည့်လေးလေ ...”
“အင်း ဘာဖြစ်လို့လဲ ဂျိုး...”
Colour blind ဖြစ်သော်လည်း ပန်းချီမှာပါရမီပါသော ထိုကလေးလေးကို ကာနယ်အမှတ်ရသွားသည်။အခုတော့ မျက်လုံးတွေကပြန်အဆင်ပြေသွားပြီဟု ဂျိုးဒန်ပြောဖူးသည်။“ငါ့ကိုအကူအညီတစ်ခုတောင်းလာတယ်...သူ့ညီတို့အတွက် အရမ်းတန်ဖိုးရှိတဲ့လက်ဆောင်ပေးချင်လို့မို့ မင်းရဲ့ပြခန်းကို တစ်ရက်လောက် လည်ပတ်ခွင့်လေး ပေးပါလားတဲ့...မင်းရဲ့အကြီးစားFanတွေမို့ ဒီအခွင့်အရေးလေးကို ရချင်ပါတယ်တဲ့...မင်းဘယ်လိုသဘောရလဲ...”“
ကာနယ် အတွေးများဖြင့်ငြိမ်သွားသည်။သူ၏သီးသန့်ပြခန်းမှာ ထပ်ပြီး ပန်းချီကားချပ်တွေ မဖြည့်ဖြစ်တော့ပေမယ့် မြတ်နိုးရသူ၏ပန်းချီကားချပ်များကိုတော့ နေရာမလပ် ချိတ်ထားခဲ့သည်။ပြခန်းကို ချိတ်ပိတ်ဖို့ဆုံးဖြတ်ပြီးကတည်းက ဖြည့်ခဲ့တာဖြစ်လို့ တစ်ပါးသူမမြင်စေချင်ပေ။နောက်ထပ် တစ်နှစ်လောက် သူနေရတော့မလား အဲ့ထပ်ပိုပြီး နေရဦးမလားမသိတဲ့အတွက် နောက်ဆုံးအနေနှင့် ပန်းချီပြခန်းကို ဖွင့်ပေးရင်ကောင်းမလားဟူ၍ အတွေးများလည်း ဝင်လာသည်။
ဒီနေ့မှ ထူးထူးခြားခြား စိတ်ကြည်နေပြီး ဘာမှန်းသေချာမသိသည့် မျှော်လင့်တောင့်တနေသည့်စိတ်ကြောင့် နောက်ဆုံး လက်ခံပေးဖို့ ဆုံးဖြတ်လိုက်သည်။“တစ်ရက်ထဲဆိုရင် မင်းပြောတာကို ငါလက်ခံပေးလိုက်မယ်...ဒါက နောက်ဆုံးအနေနဲ့ ဒီပြခန်းကိုဖွင့်ပေးတာဖြစ်တယ်...သေချာပေါက် မင်းကြောင့်လည်းပါတာပေါ့ ဂျိုးဒန်...“