Episode (34)(Uni/Zaw)

1.8K 206 54
                                    

Unicode



🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၄)

ထို‌‌ညက အတော်လေးညဉ့်နက်သည်အထိ ပြန်မလာသေးသော သက္ကရာဇ်ဦးညိုကို စိတ်ပူစွာစောင့်နေသော သားအဖသုံးယောက်ဟာဆိုရင်ဖြင့် သီချင်းလေးညည်းလျှက် တက်ကြွစွာဝင်လာသော ဖောင်းဖောင်းလေးကို မြင်လိုက်ရမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။

သက္ကရာဇ် အိမ်ပြန်ရောက်တော့ ဧည့်ခန်း‌ထဲတွင် ဒယ်ဒီ၊ပါးပါးနှင့်ကိုကိုကို့တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားရသည်။ပုံမှန် ဒီချိန်ဆို အကုန်လုံး အသီးသီး အိပ်ရာဝင်ကြပြီဖြစ်ပြီး သူကသာ လေးဆီမှ မပြန်ချင်သေးလို့ ပေကပ်ကပ်လုပ်နေရာကနေ နောက်ကျနေတာဖြစ်သည်။
သူ့ရည်းစားလေးရဲ့အခန်းက သူ့ရည်းစားလေးအတိုင်း အရမ်းချစ်ဖို့ကောင်းနေတော့ သူမတတ်နိုင်ဘဲ မပြန်ချင်ဖြစ်နေသောကြောင့် အကြောင်းရှာပြီး အချိန်ဆွဲရင်း ၁၂လောက်ထိ ရောက်သွားတာဖြစ်သည်။မဟုတ်မှ သူ့ကိုစောင့်နေကြတာများလား။

“ဖောင်းဖောင်းလေးရယ် နောက်ကျလိုက်တာ ..တစ်ခါမှနောက်မကျဘူးတဲ့ကလေးဆိုတော့ ဘာများဖြစ်လို့ပါလိမ့်လို့ ပါးပါးမှာစိတ်ပူနေရတာ...“

စိတ်ပူစွာပြောလာသော ပါးပါးမျက်နှာလေးကိုကြည့်ရင်း ....
“ပါးပါးကို စိတ်ပူအောင်လုပ်မိလို့ ကိုယ်တောင်းပန်ပါတယ်‌ဗျာ..“

‌“သက္ကရာဇ်ဦးညိုရေ ပြောပါဦး နောက်ကျရတဲ့အကြောင်းအရင်းလေး...ကိုကိုတို့မှ နောက်ထပ် တစ်နာရီလောက်ကြာတဲ့အထိ ပြန်မလာသေးရင် လူပျောက်တိုင်ချက်ဖွင့်တော့မှာ...နော့် ဒယ်ဒီ...."

မကျေမနပ်မျက်နှာလေးနှင့်ပြောလာသော ကိုကို့ကိုကြည့်ပြီး သက္ကရာဇ် ပြုံးမိသွားရသည်။

"သားကိုကိုနဲ့ပါးပါးက ဖောင်းဖောင်းလေးကို အရမ်းစိတ်ပူနေကြတာ ....“

ဒယ်ဒီကိုကြည့်လိုက်တော့ နားလည်သည့်အလား မေးဆတ်ပြလာသဖြင့် သက္ကရာဇ် စိတ်ပူနေကြသော မိသားစုများကို ဖြေရှင်းချက်အမြန်ပေးဖို့ပြင်ရလေတော့သည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Where stories live. Discover now