အခန်း (၁၀၁): တကယ်ကြီး (၁)
Words Count:
UNICODE
Raon?
အမှောင်ထုနတ်သူငယ်များအားလုံးမှာနားမလည်နိုင်ဖြစ်သွားရသည်။ Choi Han တစ်ယောက်တံခါးကိုပိတ်လိုက်ပြီးနောက် မျက်နှာထားတည်တည်ဖြင့် Cale ပြောခဲ့သောစကားမှာသူတို့တွေမရင်းနှီးသောစကားလုံးဖြစ်နေ၏။
"ငါပေါ် လာလို့အဆင်ပြေရဲ့လား?"
အမှောင်ထုနတ်သူငယ် Shawn မှာတုန်တက်မိသွား၏။ ငယ်ရွယ်သောအသံတစ်သံ Cale ဘေးနားကနေထွက်လာတာကိုသူကြားခဲ့ပေမယ့် အကောင်အထည်ကိုတော့သူမြင်မနေရ။
"ဟိုး...ဟိုးဟိုး"
မြို့တော်ဝန်ကြီးထရယ်လာသည်ကိုကြားလိုက်ရတော့ Shawn သည်လှည့်ကြည့်မိသွားသည်။ အထိတ်တလန့်ဖြစ်နေသကဲ့သို့ဆက်လက်ရယ်မောရင်း လက်ဖဝါးတို့ပေါ် မှချွေးများကိုလက်ကိုင်ပုဝါဖြင့်ဆက်တိုက်သုတ်နေသောမြို့တော်ဝန်အားသူမြင်တွေ့ နေရသည်။
တကယ်ကြီးလား? တကယ်ကြီးကိုအဲ့ဒါကနဂါးတစ်ကောင်လား?
သူသည်စကားသံအားနောက်တစ်ကြိမ်ထပ်ကြားလိုက်ရသည်။
"တာဒါ"
ထိုသည်မှာ Cale အနောက်မှထွက်လာတာဖြစ်၏။
"ဘုရားရေ!"
Tasha သည်သူမ၏ပါးစပ်အားလက်နှစ်ဖက်လုံးဖြင့်ပိတ်မိသွားသည်။
"ဘာလို့မထွက်လာသေးတာတုန်း?"
ဘယ်သူကမှ Cale ရဲ့အသံကိုမကြားကြ သူတို့အားလုံး၏အာရုံမှာ Cale အနောက်ကနေပြူထွက်လာသောမျက်နှာလေးဆီသို့သာကျရောက်နေသည်။
Raon သည် Cale အနောက်ကနေသူ၏ခေါင်းလေးကိုသာထွက်ထားသည်။ Cale မှာသက်ပြင်းတစ်ချက်ချမိခဲ့ကာနံဘေးသို့တစ်လှမ်းရွေ့ပေး၏။ ထိုသို့သူလုပ်လိုက်သည်နှင့် Raon မှာဖြေးညှင်းစွာအမှောင်ထုနတ်သူငယ်တို့ရှေ့ပေါ် ထွက်လာသည်။
"မဟုတ်သေးဘူး...ဒါက-"
Tasha မှာထိတ်လန့်လွန်းအားကြီးနေသဖြင့် စကားပြောဖို့ပင်အခက်တွေ့ နေရသည်။ သူမသည် Shawn ဖက်သို့လှည့်ကြည့်မိသည်။ သူမတစ်ယောက်တည်းထင်ယောင်ထင်မှားဖြစ်နေတာလားဟု သူမ၏သူငယ်ချင်းအား Tasha မေးချင်မိသည်။

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasyအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️