Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၇)သက္ကရာဇ်တို့ ဟိုတယ်ကနေထွက်လာတော့ ၇နာရီထိုးသွားပြီဖြစ်သည်။ထို့ကြောင့် သက္ကရာဇ်တို့ မနက်စာကို အပြင်မှာ အမြန်စားလိုက်ကြပြီး Taxiခေါ်ကာ ကိုကိုmessage ပို့ထားသည့်နေရာကို သွားဖို့ပြင်လိုက်ကြသည်။ထ
ယခုချိန်ထိ သူသဘောကျရသည့် Artist နှင့်မကြာခင်တွေ့ရတော့မည်ဆိုတာ မသိသေးသော လေးညှို့ကတော့ သက္ကရာဇ်ဦးညိုခေါ်ရာနောက် အေးအေးလူလူလိုက်ပါလာပြီး တစ်ခါမှ မရောက်ဖူးသည့် လန်ဒန်မြို့ကြီးအား စူးစမ်းနေမိသည်။
“အခု ကိုယ်တို့ဘယ်သွားနေတာလဲ ရာဇ်...“
“လေး သဘောအကျဆုံး ဖြစ်လောက်မယ့်နေရာကို...“
“ဘယ်နေရာလဲ...“
“လေး မှန်းကြည့်....”
လေးညှို့ သူသဘောအကျဆုံးဖြစ်လောက်မည့်နေရာဆိုသည့် အဓိပ္ပာယ်ကို အလေးအနက်စဉ်းစားနေခိုက် လုံးဝမထင်မှတ်ထားသည့်အရာကို စဉ်းစားမိသွားပြီး မဖြစ်နိုင်လောက်ဘူးဟုတွေးမိသွားကာ ရာဇ်ကို အံ့ဩတကြီးကြည့်လိုက်မိသည်။
ဘာကိုဆိုလိုလဲဆိုတာ သိသည့်အလား ပြုံးကြည့်လာသူကြောင့် လေးညှို့ တကယ်ကိုsupriseဖြစ်သွားရသည်။သူလုံးဝမထင်ထားခဲ့ပေ။လန်ဒန်ကိုရောက်လာခဲ့ပေမယ့် Artist Tရဲ့ လက်ရာတွေကို အပြင်မှာမြင်တွေ့ခွင့်ရလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားဘူးခဲ့။ပြတိုက်က ပိတ်သိမ်းထားတာ အတော်လေးကိုကြာခဲ့ပြီမို့ လေးညှို့ မထင်ထားမိခဲ့ခြင်းဖြစ်သည်။
“ဘယ်က ဘယ်လို....ကျေးဇူးတင်တယ်နော် ရာဇ်...မင်းက အကောင်းဆုံးပဲ...”
ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုဖြစ်မြောက်ခဲ့လာသဖြင့် လေးညှို့ ရင်ထဲမှစိတ်ရင်းဖြင့် သက္ကရာဇ်ကိုကျေးဇူးတင်လိုက်သည်။ချစ်သူရည်းစားတွေကြားမှာ ကျေးဇူးမတင်ရဘူးလို့မှမရှိဘဲ။ မဟုတ်ဘူးလား။
“တကယ်က မောင့်ကိုကျေးဇူးတင်ရမှာမဟုတ်ပါဘူး...ကိုကို့ကြောင့်မို့ပါ...ပြီးတော့ ကျေးဇူးတင်ရမယ့်အခြေအနေတွေရှိရင်တောင် မောင့်ကိုကျေးဇူးတင်စကားမပြောဘဲနဲ့ ချစ်တယ်လို့ပြောပေးပါလား...”