အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၃)🌻🌻🌻
ကျောင်းဆင်းချိန်ကနောက်ကျပေမယ့်လည်း
အပြင်ရောက်တော့သူရပ်စောင့်နေသည်လက်ပိုက်လျက်အပင်မှာပုခုံးတစ်ခြမ်းမှီပြီးစောင့်နေတဲ့သူ့ကိုမြင်တော့အတူပြန်တဲ့ဆရာမလေးကလှမ်းပြုံးပြ၏
" ခင်ပွန်းကစောင့်နေပေးသားပဲ..ဆုလဲ့သွားတော့မယ်နော်မမ.."
" အင်း..သတိထားသွားဦးနော်.."
စိုင်းကဆူးလက်ထဲကဆွဲခြင်းကိုလှမ်းယူသည်
" ခါတိုင်းအဲ့လိုပဲနောက်ကျနေကြလား.."" မဟုတ်ပါဘူး..ဒီနေ့အမှတ်စာရင်းတွေစစ်ပေးနေလို့.."
" သွားမယ်.."
အပြန်ကျတော့လက်ချင်းမချိတ်တော့ပေမယ့်ဘေးချင်းယှဉ်၍လျှောက်လာကြသည်
လမ်းမှာတွေ့သမျှရွာသားသူ့ကိုနူတ်ဆတ်နေကြတာလေပေးကိုဖြောင့်လို့...
မိန်းမငယ်လေးတွေကလည်းကိုကြီးကခန့်လာလိုက်တာဆိုတာချည်းပဲ...အိမ်ပြန်ရောက်တော့ရေချိုးပြီးတော့သူ့အတွက်ညနေစာချက်ပေးလိုက်သည်
သူ့အမိန့်နဲ့ညနေစာကိုလည်းအတူတူစားခဲ့ရသည်" မဆိုးပါဘူး မင်းချက်တတ်သားပဲ..သူဌေးသမီးမို့ဘာမှမလုပ်တတ်ဘူးထင်ထားတာ.."
" မလုပ်တတ်ဘူးထင်လည်းရှင့်ဘာသာချက်စားပါလား.."
" ပြောပြီးပြီလေ နာမည်ချည်းသက်သက်အိမ်ေထာင်ကျထားလည်းမင်းကငါ့ဇနီးပဲ..."
စကားအရသာခံပြီးပြောနေတာကိုဆူးတော်တော်ကြည့်မရပေ...
ပြန်ပြောရင်ရန်ဖြစ်ရတော့မည်ဆိုတာသိလို့ဆူးပါးစပ်ပိတ်နေလိုက်သည်
အရင်ကလည်းရိုင်းသည် ခုပိုတောင်ရိုင်းလာသေးသည် ရမ်းကားတာပါအဆစ်ပေါင်းပြီးပါလာသည်
ဆူးမှာဘယ်လို၀ဋ်ကြွေးရှိလို့သူနဲ့ချည်းပဲလာပတ်သတ်နေမိသလဲမသိ...ထုံးစံအတိုင်းဘုရား၀တ်ပြုပြီးနောက် စာကြည့်စားပွဲမှာကျန်တဲ့အိမ်စာစာအုပ်ေတွအမှတ်ခြစ်နေလိုက်သည်
ဆူးဒီရွာမှာဆက်နေနိုင်ဖို့ဆိုတာမှန်ပေမယ့်တစ်သတ်လုံးဒီအတိုင်းကြီးဟန်ဆောင်နေလို့လည်းမရပေ...
သူမသိခင်ကဘာမှမဖြစ်ပေမယ့်ခုလူကိုယ်တိုင်ရောက်ချလာတော့ဆူးမှာလည်းအကျပ်ရိုက်ရသည်
ဆူးကသူ့ဇနီးလို့အမည်ခံထားတာလည်းသိရော
လက်မြန်ခြေမြန်နဲ့အသားယူနေတာဘယ်နှစ်ခါတောင်ရှိပြီလဲ...
သူ့လက်ခုပ်ထဲကရေလိုပြုမူနေတာဆူးအရမ်း
မုန်းသည်
စိုင်းမှာချစ်သူမိန်းကလေးရှိနေရင်လည်းအကောင်းသား...
ကွာရှင်းပြီးလို့မြို့မှာနောကိအိမ်ထောင်ပြုလိုက်တယ်လို့ပြောလို့ရသေးသည်
ဒီလိုကျတော့လည်းမဖြစ်ပြန်...
ညွှန့်မောင်အန္တရာယ်ကရှိနေသေးသည်
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Lãng mạn၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...