အခန်း(၂၆)

3.3K 104 4
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၆)

🌻🌻🌻

မွေးခါနီးပြီမို့လို့ဖြူကလုံး၀စိတ်မချနိုင်ပါဟုဆိုကာသူ့အိမ်မှာအတင်းလာနေစေသည်
ဆူးကငြင်းဆန်တော့အရင်ကဆူးတစ်ယောက်တည်းနေခဲ့သည့်တိုက်လေးမှာပြန်နေခိုင်းသည် ဒီတစ်ခါတော့ဆူးကိုထပ်ငြင်းလျှင်စိတ်ဆိုးမည်ဟုဆိုတာချိမ်းခြောက်သေးသည် မွေးဖွားမယ့်ဆေးရုံကိုလည်းကိုနက္ခတ်ပိုင်တဲ့ဆေးရုံမှာပဲသားဖွားမီးယပ်အထူးကုနဲ့လိုက်‌အပ်ပေးသည်
ဖြူကသူမအပေါ်တကယ့်ညီအစ်မလိုသံယောဇဉ်တွယ်နေတာသိသာလေသည်
တစ်ရက်အတွင်းဆူးတိုက်ခန်းလေးကပစ္စည်းတွေကိုအကုန်လုံးကိုသိမ်းကျူံးဆွဲချသွား၏
နောက်ရက်ကျတော့ဒါရိုင်ဘာလွှတ်ပြီးလာခေါ်ခိုင်းလေသည်
ဆူးလည်းခြေထောက်တွေရောင်လာတော့အရင်လိုလှေကားအတက်အဆင်းမလုပ်နိုင်တော့ဘဲထိုအိမ်ကလေးကိုသာပြောင်းရွေ့နေဖို့သဘောတူလိုက်လေသည်
ဒီအိမ်ကိုဆူးရဲ့ဘဏ်ထဲကပိုက်ဆံနဲ့ပဲပြန်ဝယ်မည်ဆိုတာတောင်ကိုနက္ခတ်ကဗိုက်ထဲက သားလေးအတွက်လက်ဆောင်ဟုဆိုကာပြန်ပေးသွားခဲ့သည်

" မမပန်းနု လာ ..ခင်ဉီးကိုတွဲ.."

ဇိမ်ခံကားကြီးပေါ်မှာထိုင်နေရတာမှန်ပေမယ့်စိတ်ထဲမှာသက်သောင့်သက်သာမဖြစ်ပေ...
မွေးကာနီးတော့အသက်ရူကျပ်သလိုလို ဟိုနားကနာသလိုလို ဒီနားကနာသလိုလိုနဲ့...
သူသာရှိနေရင်ဆူးနေရသက်သာအောင်တစ်ခုခုဖန်တီးပေးမှာပင်...သူမရှိတော့သူ့တန်ဖိုးတွေကိုဆူးနားလည်လာသည် သူကိုစူးနစ်စွာချစ်နေမိမှန်းလည်းအဲ့ဒီအချိန်မှာသိလိုက်သည် ဒါပေမယ့်သူဆူးဆီကိုပြန်မလာတော့ပါဘူး...
ဘယ်ယောကျာ်းကများကိုယ်၀န်ဆောင်ထားတဲ့ဇနီးသည်ကိုအကြာကြီးထားခဲ့ရက်မှာလဲ...

တွေးနေရင်းငိုချင်လာလို့တစ်ဖတ်လှည့်လိုက်မိချိန်တွင်

" ဟင်! စိုင်း.."

" ဒီမှာရှင့်..ကားမှန်ချပေးပါ.."

" ကားလည်းရပ်ပေးပါဉီး.."

ကားမှန်ချလိုက်တော့‌စိုင်းလို့အားရပါးရခေါ်မည့်အသံလေးဟာနူတ်ဖျား၀မှာတင်ပျောက်ကွယ်သွား၏
သူ့နောက်ကိုဓာတ်ပုံထဲကဟိုမိန်းကလေးက‌ေပြးလိုက်လာပြီးလက်ဆွဲသည် ပြီးတော့ရယ်မောလျက်တစ်ခုခုပြောပြီးပြန်ဆွဲခေါ်သွား၏
မူန်ကုတ်ကုတ်ဖြစ်နေတဲ့သူ့ကိုကြက်သွေးရောင်ကားလေးထဲကို၀င်ထိုင်စေပြီးသူမကမောင်းသူဘက်သွားထိုင်လေသည် မျက်စိရှေ့မှာလျှောခနဲထွက်ခွာသွားသည့်ကားလေးကိုအဝေးကြီးရောက်သွားသည်အထိလှမ်းငေးနေမိသည်
ဘေးတိုက်မြင်လိုက်ရသည့်မျက်နှာချောချောသည်တစ်ချိန်ကဆူးကိုချစ်တဲ့အကြောင်းတွေထပ်ခါတလဲလဲပြောခဲ့သော....

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now