အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၂)🌻🌻🌻
" ဟယ်လို.."
" ရှင် ခုဘယ်မှာလဲ.."
" ကိုယ်ပြန်လာနေပြီလေ အခုလမ်းမှာ.."
" ဒီညပြန်ရောက်မှာလား..'
" နည်းနည်းတော့နောက်ကျမယ်ထင်တယ်
ဘာဖြစ်လို့လဲဆူးရယ့်..မိန်းမကအရင်ဖုန်းခေါ်တော့ရင်တောင်ခုန်သွားတယ်.."" စိုင်း..ကော်ဖီသောက်ဦးမလား..
" ဟင့်အင်း.."
ဖြတ်၀င်လာသည့်ချွချွဲနွဲ့နွဲ့မိန်းကလေးအသံကြောင့်ဆူးထိုင်နေရာကနေချက်ချင်းမတ်တပ်ထရပ်မိသည်
" အဲ့ဒါဘယ်သူ့အသံလဲ..ရှင့်ဘေးက"
" ဟမျ..ဘာလဲဆူး..
ဒီနေရာကလိုင်းသိပ်မမိဘူးဖြစ်နေတယ်.."" ကျစ် ရှင့်ဘေးကလူကိုမေးနေတာ.."
" ကိုယ့်မိတ်ဆွေပါ.."
" ရှင်တစ်ယောက်တည်းပြန်လာတာမဟုတ်ဘူးလား.."
' ဟမ်..ဘာရယ်.."
" ဟယ်လို..စိုင်းဇာနည်..ရှင်မကြားဘူးလား..'
" လိုင်းကစုတ်ပြတ်သတ်နေတာပဲကွာ.."
ကားမောင်းနေရင်းပြောနေတာဖြစ်မည်
ဆူးဘက်မှာတောင်လေတိုးသံတွေကြားနေရလေသည်" ရှင်ကားရပ်လိုက်ပါလား.."
" ဟမ်..ကားကိုမေးတာလား.."
" ရပ်လိုက်..ခုရပ်လိုက်.."
" ရပ်လို့မရဘူး.."
" ဘာ!!"
" တီ......"
" ဟယ်လို..စိုင်းဇာနည် ဟယ်လို.."
ဖုန်းပြန်ခေါ်လို့မရတော့ပြီ...
တောက်!!ဒါကဘာအချိုးလဲ...သူစိမ်းမိန်းကလေးတစ်ယောက်နဲ့သူကညကြီးအချိန်မတော်ကားပေါ်မှာအတူရှိနေသည်
သူ့ဘက်ကဖုန်းစခေါ်တဲ့ညတွေတုန်းကအကောင်း ကိုယ့်ဘက်ကဖုန်းခေါ်မှလိုင်းကစုတ်ရတာနဲ့..အသံကမကြားရတာနဲ့...
တစ်ဖတ်ကမိန်းကလေးကကိုယ့်မိတ်ဆွေပါတဲ့ ...ဘယ်လိုမိတ်ဆွေလဲ..
ကားရပ်လိုက်ပါဆိုတော့မရဘူးတဲ့...
သူအမူအယာတွေပျက်နေတာသေချာသည်...
" တောက်!! ကျွန်မကိုဘယ်လိုမိန်းမထင်နေသလဲစိုင်းဇာနည်.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Lãng mạn၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...