အခန်း(၃၃)

3.4K 80 1
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၃၃)

🌻🌻🌻

နောက်တစ်နေ့မနက်မှာအစည်းအ‌ဝေးမရှိသည့်အတွက်ဆူးအိမ်ကနေပဲစီစဉ်ညွှန်ကြားလိုက်သည်
သူအလုပ်သွားခါနီးသားကို၀င်ကြည့်ပြီးနမ်းသွား၏
ဆူးကိုလည်းနူတ်ဆတ်သွားပေမယ့်မသိချင်ယောင်ဆောင်နေလိုက်သည်
သားသားလုံး၀အိပ်ပျော်သွားတဲ့အချိန်ကိုစောင့်၍သူ့နောက်ကိုဆူးလိုက်လာခဲ့သည်
သူဘာအလုပ်လုပ်နေလဲမေးလိုက်ရင်ဖြေမှာမဟုတ်မှန်းသိတော့သူ့နောက်ကိုခိုးကြောင်ခိုးဝှက်လိုက်လာရသလိုခံစားရပြီးကိုယ့်ကိုယ်ကိုသိမ်ငယ်နေမိသည်

အရင်ဆုံးသူ့သူဌေးကိုတိုက်မှာ၀င်ခေါ်သည်
ဒါပေမယ့်သူဌေးရော ဟိုမိန်းကလေးရောကတစ်ခုခုပြောပြီးသူ့ကားတစ်စီးတည်းမှာပဲအတူ၀င်ထိုင်ကြသည် သူကလည်းရှက်သလိုအပြုံးမျိုးနဲ့ခေါင်းငြိမ့်ပြီးဟိုမိန်းကလေး၀င်ဖို့ကားတံခါးတောင်ဖွင့်ပေးလိုက်သေးသည်
ပြီးတော့ထိုမှတစ်ဆင့်ဆက်သွားပြီးကုမ္ပဏီရှေ့မှာသူ့ကားရပ်သွား၏
သူဌေးကဆင်းသွားပေမယ့်သူ့သမီးကလိုက်ဆင်းမလာတော့ဆူးမျက်လုံးတွေ၀င်း၀င်းတောက်သွားလေသည်

သူတို့နှစ်ယောက်တည်းစီးပြီးထွက်ခွာသွားသည့်ကားနောက်ကိုမျက်ချေမပြတ်အောင်လိုက်နေရင်းဆူးဒေါသတွေအလိပ်လိုက်ထွက်လာလေသည်
ရှင်ဘာထပ်လိမ်ချင်သေးလဲစိုင်းဇာနည်...
ဒီတစ်ကြိမ်တော့ဆူးကလှည့်ပြန်သွားမှာမဟုတ်ဘူး..ရှင့်ဇာတ်ထုပ်ကိုဖြည်ချပြီးအပြတ်ရှင်းခဲ့မှာ...

သူတို့ကားကခြံကျယ်ကြီးတစ်ခုရှေ့မှာရပ်တန့်သွား၏ အိမ်ကလည်းဆောက်ပြီးကာစဖြစ်ပုံပေါ်သည် ပုံစံကသစ်လွင်တောက်ပြောင်နေ‌ပြီးမြေပတ်လည်ကိုအင်္ဂတေလောင်းထားပြီးအိမ်‌ဘေးကမြေတစ်၀က်ကိုမြက်ခင်းတုတွေဖုံးထားသည်
ကားပေါ်ကနေနှစ်ယောက်အတူဆင်းလာပြီးသူကထိုအိမ်ကိုလက်ညှိုးထိုးပြ၏
ဟိုမိန်းကလေးကသဘောကျသလိုပြုံးရယ်ပြီးခေါင်းငြိမ့်သည်
သူ့ပုခုံးကိုလည်းလှမ်းရိုက်ပြီးတစ်ခုခုပြောလိုက်၏
သူကလည်းအင်မတန်ကြည်နူးနေတဲ့မျက်နှာနဲ့သွားတန်းတွေပေါ်အောင်ရယ်နေလေသည်

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now