အခန်း(၂၉)

3.9K 93 8
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၉)

🌻🌻🌻

" မေ့သားလေးကချစ်စရာလေး ကြည့်ပါဦး.."

ဗိုက်ကလေးတွေကိုလက်ညှိုးလေးနဲ့ဖွဖွထိုးပြီးရယ်အောင်စနောက်၍
အာရုံပြောင်းထားရင်းအင်္ကျီလေးအမြန်၀တ်ပေးရသည် ဒီမနက်ရက်တစ်ရာပြည့်ပွဲလုပ်ဖို့ဖြူတို့အိမ်ကိုသွားရမည်
အစကတော့ဆူးကအိမ်မှာပဲပရိသတ်အနည်းအကျဉ်းနဲ့လုပ်ဖို့ရည်ရွယ်ထားပေမယ့်ဖြူကတော့သားလေးရဲ့ပထမဆုံးပွဲလေးမှာခမ်းခမ်းနားနားဖြစ်စေချင်သည် ဆူးကလည်းဒီဇိုင်နာလောကကိုပြန်၀င်တော့မည်မို့အားလုံးကိုသိစေချင်လို့တမင်လုပ်လိုက်တာတဲ့...
ကိုနက္ခတ်နဲ့တိုင်ပင်ပြီးဒီလိုပဲလုပ်ဖို့ဆုံးဖြတ်လိုက်ကြသည်
ဆူးကတော့သားသားစိတ်အနှောင့်ယှက်ဖြစ်မှာစိုးရိမ်သည် ပြီးတော့ကလေးအဖေဘယ်မှာလဲမေးလာကြရင်လည်းစိတ်ညစ်ရဉီးမည် ဖောက်ပြန်ပြောင်းလဲနေသည့်သားအဖေနာမည်ကိုထုတ်မပြောချင်ပါ..ဘယ်သူ့ကိုမှလည်းမသိစေချင်..ဆူးကတော့ကွာရှင်းထားကြောင်းကြေညာထားပေမယ့်စပ်စုတတ်တဲ့ပတ်၀န်းပျင်ကိုလျစ်လျူရူထားဖို့ကအဆင်မပြေ...

သူ့နာမည်ကြားရင်ကိုလူကအလိုလိုသွေးဆူနေတာ...
ခုနေလူအကောင်လိုက်သာမြင်လိုက်ရရင်ထသတ်မိမလားတောင်မသိ...

ဖြူကလည်းဆူးအခြေနေကိုကြည့်ပြီးဘယ်လောက်တားထားထား တပျစ်တောက်‌တောက်ပြောနေတော့တာပါပဲ ..
ဖိတ်ဆာရိုက်တုန်းကဆို " ကိုစိုင်းနာမည်ကတော့နေရာတကာမှာကိုပါတာနော်..အင်းပေါ့သူ့သားလေးဆိုတော့အဖေနာမည်ပါမှဖြစ်မှာပေါ့လေ" ဆိုတာမျိုးတွေ...

ဒင်းနဲ့လွတ်တာကိုမရှိသေးဘူး..မုန်းလိုက်တာ..
ဒီလောက်စာရိတ္တပျက်စီးနေတဲ့ယောကျာ်းကိုဘယ်လိုဖြစ်လို့အကောင်းမြင်နေကြတာလဲ..
သားသားရက်တစ်ရာပြည့်လေးမှာမဆီမဆိုင်သူ့အကြောင်းခေါင်းထဲ‌ေရာက်လာလို့ကိုယ့်ကိုယ်ကိုစိတ်တိုမိသည်
"ဟွန်း..ဖအေလုပ်သူကကလေးရက်တစ်ရာပြည့်ကိုသိမှာတောင်မဟုတ်ဘူး.."

သားရဲ့ဦးနောက်လေးကအသံတွေနဲ့ပုံရိပ်တွေ
မှတ်သားနိုင်အောင်ဖွံ့ထွားနေပြီမို့လို့ဆူးကသူ့မျက်နှာကိုငုံ့ကြည့်ပြီးစကားပြောနေလျှင်မျက်လုံးလေးဝိုင်းနေအောင်လိုက်ကြည့်သည် ပြီးရင်သူပါလိုက်ပြောချင်သလိုနူတ်ခမ်းလေးတွေချွန်ထွက်လာလေသည်
ဆူးအသံကြားလျှင်လည်းလက်ကလေးခြေထောက်ကလေးတွေလူပ်တတ်သေးသည်
တစ်နေ့တစ်နေ့သားလေးကိုချစ်ရတာလုံလောက်တယ်ပင်မရှိ...
ဆူးအလုပ်တွေပြန်စပေမယ့်သားသားနို့မပြတ်မချင်းတော့work from homeပဲဖြစ်နေမှာပါ...သားသား‌ကိုမျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်သည်

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now