အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၃၀)🌻🌻🌻
" မငိုပါနဲ့တော့မမရယ်.."
" သူ့ကိုမြင်နေရသ၍ဆူးစိတ်ဆင်းရဲနေရမှာ.."
" မင်းကခေါင်းမာနေတာမဟုတ်ဘူးလားဆူးရယ် ဟင်..သူတောင်းပန်သွားခဲ့တာပဲ ရှင်းလည်းရှင်းပြခဲ့တယ်.."
" အိုး..ဒီကမျက်လုံးနှစ်လုံးနဲ့သေချာမြင်ခဲ့ရတာကိုနက္ခတ်ရဲ့..မီးဖွားမယ့်ဇနီးသည်ဆီအရင်ရောက်မလာဘဲအဲ့မိန်းကလေးဆီရောက်နေကတည်းကအဖြေကရှင်းနေပြီ..သူရှင်းပြတာဆူးအတွက်အရာမထင်ဘူး..
" သူကသွားတာမဟုတ်ဘဲဟိုကသူ့ကိုရှာတွေ့သွားတာလည်းဖြစ်မှာပေါ့.."
" ရှေ့မှာလည်းသူအဲ့လိုဖြစ်ခဲ့တယ် ဆူးကိုဘာမှထပ်မမေးပါနဲ့ ဆူးပြောရမှာရှက်လို့ပါ ဟင့်.."
" အင်းအင်း..မပြောနဲ့တော့နော် မမခေါင်းမူးလိမ့်မယ်.."
" နင်တို့လည်းသူ့ကိုမှအကောင်းမြင်တယ် သူ့ဘက်မှာနေမယ်ဆိုလည်းသွားကြသိလား..
ဆူးအတွက်သားလေးရှိရင်ရပြီ..ကျန်တာဘာမှမလိုဘူး.."" မင်းမာနကြီးမှန်းငါတို့လည်းသိတယ်ဆူး..တကယ်လို့မင်းပြောသလိုစိုင်းကလူရူပ်ဆိုရင်ကလေးတစ်ယောက်အမေဖြစ်တဲ့မင်းဘက်မှာပဲငါတို့နေမှာပေါ့..သူ့ကိုအိမ်အရိပ်တောင်ပေးနင်းမှာမဟုတ်ဘူး..ခုသူကလည်းသူမဟုတ်ေကြာင်းအတန်တန်ငြင်းနေတာ..'
" ဘယ်လူယုတ်မာကသူ့ကိုယ်သူယုတ်မာတယ်ပြောမှာလဲ..ဆူးသူ့ကိုမုန်းတယ်..သားအဖေဖြစ်နေလည်းပြန်လက်မခံနိုင်ဘူး..သစ္စာဖောက်တဲ့သူကအမြဲဖောက်နေမှာပဲ..'
အစ်ကိုကတစ်ခုခုပြောဖို့ရှေ့တိုးလိုက်ပေမယ့်ဖြူခေါင်းခါပြလိုက်သည်
သွေးဆူနေတဲ့အချိန်ဆိုတော့ဘယ်သူပြောပြောရမှာမဟုတ်ပေ...🌻🌻🌻
" ဖြူ..ကိုယ့်ကိုဒီနေခေါင်းလျှော်ပေးပါလား.."
" ဟင်! ညနေဘက်ကြီးကို အစ်ကိုကလည်း.."
" ကိုယ်ဒီညနေမှဂျင်မ်ဆော့ထားတာ..မဆော့တာကြာလို့လက်တွေညောင်းကိုက်သွားတာပဲ..ခုခေါင်းမလျှော်နိုင်တော့ဘူး.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...