အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၉)🌻🌻🌻
" အမလေး!!"
အိပ်ချင်မူးတူးထွက်လာချိန်အခန်းအပြင်ဘက်အမှောင်ထဲမှာမည်းမည်းကြီးထိုင်နေတာမြင်လိုက်ရတော့လန့်ဖြန့်သွားတာရူးရူးတွေပါထွက်ကျတော့မည်
" တိုးတိုးနေပါ နင့်အသံကလည်း.."
" ကို..ကိုကြီးကအမှောင်ထဲမှာဘာထိုင်လုပ်နေတာလဲ..လန့်သွားတာပဲ"
" ဆူးကိူစိတ်ပူလို့..တစ်နေရာရာကိုထထွက်သွားမှာဆိုးလို့ငါဘယ်လိုမှအိပ်မပျော်ဘူး.."
အကဲပိုလိုက်တာလို့တွေးမိလို့နှာခေါင်းရူံ့ဖို့လုပ်ထားပေမယ့်အသစ်စက်စက်ကိုယ့်ယောကျာ်းကိုတွေးမိပြီးနှာခေါင်းရူံ့မဲ့နေရာမှာမျက်နှာမကောင်းဖြစ်သွားမိသည်
" နင်လည်းအိပ်မပျော်ဘူးလားအေးဖြူ.."
" ပျော်ပါတယ် ကိုကြီးပြောကာမှအေးဖြူယောကျာ်းကိုတွေးမိသွားလို့စိတ်မကောင်းဖြစ်သွားတာ.."
" ငါလည်းနင်တို့လင်မယားကိုတောင်းပန်ပါတယ် ငါတို့ကြောင့်၀န်ပိသွားတာ.."
" ဘာမှမဖြစ်ပါဘူး.."
" ဒါနဲ့ဟိုတစ်ယောက်သီတင်းဘာကြားသေးလဲ.."
" မနက်ဆိုရင်တော့သူပါသွားတဲ့ထောင်ကိုသိရလောက်ပါပြီ..ကိုသစ်ထူးကအာမခံပြီးလိုက်ထုတ်ပေးလိမ့်မယ်..အဝေးကြီးပါသွားရင်တော့ကြာမှာပေါ့ကိုကြီးရယ် စိတ်ညစ်လိုက်တာတကယ်ပဲ"
" အသက်အန္တရာယ်ကင်းတယ်ဆိုတော်ပါပြီ..ငါတို့လည်းမနက်ကျရင်ရွာပြန်မှာ..လှသန္တာပြန်လာရင်နင်တို့ပဲလိုက်ပို့လိုက်တော့..ဘယ်လိုပြန်လာရမလဲသူသိနေပါပြီ...ငါဒီထပ်အချိန်ဆွဲနေလို့မရတော့ဘူး"
" စိတ်မပူပါနဲ့ အေးဖြူကြည့်စီစဉ်လိုက်မယ်"
" ကျေးဇူးပါပဲဟာ.. နင်လည်းပြန်တော့လေ.."
" ဟင်! မမဘေးမှာနေလိုက်ဆို.."
" သွား..သွား..ပြန်တော့ရတယ် ငါရှိတယ်.."
" ဟီး..ဟုတ်ကဲ့ကိုကြီး.."
အေးဖြူဟာသိပ်မပြန်ချင်ရှာပါဘူး
နောက်လှည့်ကြည့်တော့ပြေးထွက်သွားတာလွင့်ခနဲအရိပ်သာကျန်နေခဲ့သည်
လင်မယားကြည်နူးရမယ့်နေရမယ့်အချိန်မှာသူ့ကြောင့်အလုပ်ရူပ်နေရတာ...
သူလည်းအေးဖြူအမျိုးသားကိုယောကျာ်းချင်းကိုယ်ချင်းစာပေးနိုင်သည်
ဆူးကသူ့ကိုမကြည်ဖြူတာတောင်သူမမျက်နှာလေးပဲအရိပ်တကြည်ကြည်ငေးနေချင်မိတာ..
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...