အခန်း(၁၇)

3.3K 70 5
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၇)

🌻🌻🌻

" ကိုကြီးရောက်လာပြီ.."

" အော်..လိုက်မပို့လည်းရပါတယ် မောင်စိုင်းရယ်..အားနာလိုက်တာ.."

" ရပါတယ် ကျွန်တော်ကိစ္စလေးနည်းနည်းရှ်ိလို့နောက်ကျသွားတာဆောရီးပါ..'"

" အန်တီတို့ကတော့မအားတဲ့ကြားကလိုက်ပို့ပေးလို့ကျေးဇူးတင်ရဦးမှာပါ..'

" ကိုကြီးဆိုင်ကယ်လ်နဲ့လာတာလား.."

" မဟုတ်ဘူး..ကားငှားလာတာ"

" ဟင်!"

" ကိုကြီးစိုင်း..မောလာတယ်မလား..ဒါလေးသောက်လိုက်နော်.."

တကယ်လည်းအချိန်မှီအပြေးလာခဲ့ရတာမို့လှသန္တာပေးသည့်အအေးဘူးကိုဟန်မဆောင်နိုင်ဘဲမော့သောက်ပစ်လိုက်သည် ရင်ထဲမှာရှိန်းခနဲ၀င်ပြီးအမောပြေသွား၏

" ဟော..ခရီးသည်တွေခေါ်နေပြီသမီးရေ..အမေတို့သွားတော့မယ်.."

" မောင်စိုင်းသွားပြီနော်..ဟိုသမီးလည်းသွားပြီနော်.."

သန္တာ့ကိုပါပြုံးပြနူတ်ဆတ်လာတာမို့ခေါင်းငြိမ့်ပြလိုက်သည်

" ဟုတ်ကဲ့အန်တီ.."

" အေးအေး ကျန်းမာရေးဂရုစိုက်ကြနော်..သားတို့လင်မယားလည်းစကားမများနဲ့..တစ်ယောက်ကိုတစ်ယောက်ဖေးမပြီးတည်တည့်ရူရူနေကြ..နောက်မှအမေတို့ထပ်လာခဲ့မယ်.."

" သမီးတို့လည်းရန်ကုန်လာခဲ့ပါဦးမယ်.."

" အေးပါကွယ်..ဒါဆိုအမေတို့သွားတော့မယ်နော်.."

အမေတို့ထွက်သွားတာကိုမျက်စိတစ်ဆုံးကြည့်ပြီးတော့လက်ပြနူတ်ဆတ်လိုက်သည်

" ကိုယ်တို့လည်းသွားရအောင်လေ.."

" ဟုတ်ကဲ့..'

" ငါပြန်မလိုက်တော့ဘူးအေးဖြူ လုပ်စရာရှိသေးလို့.."

" ကိုကြီးကလည်း ဘာတွေလုပ်နေတာလဲ..မှောင်တောင်နေပြီကို.."

" ကဲပါ ငါကယောကျာ်း..တစ်ယောက်တည်းပြန်လာလည်းဘာမှမဖြစ်ဘူး..အိမ်ရောက်ရင်ဆူးကိုလည်းပြောလိုက်ဦး ငါနည်းနည်းနောက်ကျမယ်အိပ်နှင့်လို့.."

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now