အခန်း(၁၄)

3.2K 68 3
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၄)

🌻🌻🌻

" ကျောင်းကတော်တော်အခြေနေဆိုးနေတာပဲ.."

" ဘာဖြစ်လို့လဲ.."

" ရေတွေ၀င်နေပြီလေ..လေ‌ပြင်းတိုက်လို့အနောက်ဘက်အုတ်ရိုးလည်းပြိုကျသွားပြီ...
မိုးကလည်းဆက်တိုက်ရွာဖို့ရှိတယ် မုန်တိုင်းကလည်းလာမယ်ထင်တယ်တဲ့...
ဒီအတိုင်းဆိုနှစ်ပတ်လောက်‌ကကျောင်းတက်လို့ရဦးမှာမဟုတ်ဘူးတဲ့..စိတ်ညစ်လိုက်တာ တကယ်ပဲ..."

ဆူးကသာစိတ်ပျက်လက်ပျက်ပြောနေပေမယ့်
သူစိတ်အေးသွားတာသူသာသိသည်
ဒီအတိုင်းဆိုသူမလေးကအပါခေါ်လို့ရလောက်သည်
ဒါပေမယ့်ဘယ်လိုလိမ်ပြီးပြောရပါ့မလဲ...
သူလိမ်ခေါ်လည်းဟိုရောက်ရင်သိမှာနဲ့အတူတူအမှန်တိုင်းပြောဖို့ဆုံးဖြတ်လိုက်သည်

" ရှင်သက်သာသွားပြီလား.."

" အင်း .. ကိုယ်ပူမရှိတော့ဘူး..'

" တော်သေးတာပေါ့.."

" မင်း ဟိုဒီဒီလျှောက်သွားမနေနဲ့ အေးရအေးနဲ့.."

" ကျွန်မကရှင့်လောက်ဖျားနေတာမှမဟုတ်တာ.."

" ဒါနဲ့..မင်း..‌ဒီလိုဆိုရင်နှစ်ပတ်လောက်ကအိမ်မှာပဲနေရမှာပေါ့.."

" အင်းလေ.."

" ကိုယ်နဲ့ခရီးတစ်ခုထွက်ရအောင်..'

" ဘာပြောတယ်!!"

" ဖြည်းဖြည်းအော်ပါကွာ..စိတ်ကြီးလိုက်တာ တကယ်ပဲ.."

" ရှင်ပြောတဲ့စကားကိုကြည့်ပါလား.."

" ဆုံးအောင်နားထောင်ပါဦး..ခုခရီးကမင်းမလိုက်လို့မရဘူး.."

" ဘာဖြစ်လို့လဲ.."

" အေးဖြူလေ သူလက်ထပ်တော့မှာ.."

" ဟယ် ဟုတ်လား.."

အံ့ဩသ‌လိုလေးဖြစ်သွားပြီးမှတည်တည်ငြိမ်ငြိမ်ပုံစံလေးပြောင်းသွားပြန်သည်

" အဲ့ဒါကရှင်သွားရမှာလေ ကျွန်မနဲ့မဆိုင်ဘူး"

" မင်းဒီရွာမှာရောက်နေတာအေးဖြူသိတယ် ငါလည်းရွာပြန်ရောက်နေတာသိတော့နှစ်ယောက်အတူလာခဲ့ပါတဲ့ မမဆူးကိုသတိရလို့အပါခေါ်လာခဲ့ဖို့တဖွဖွမှာနေတယ်.."

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now