အခန်း(၂၁)

3.3K 72 1
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၁)

🌻🌻🌻

" မောင့်ဇနီးလေးကအိပ်တောင်နေပြီလား.."

သူပြန်လာတော့ဆူးကသူကိုယ်တိုင်ပြုပြင်ပေးထားသည့်သူမအခန်းထဲကကုတင်ပေါ်မှာခြင်ထောင်ချ၍အိပ်ပျော်နေပြီ
မီးသီးဖွင့်လိုက်ရင်နိုးသွားမှာဆိုးလို့ဖုန်းမီးဖွင့်၍အနားတိုးသွားလိုက်သည်

" တကယ် အိပ်ပျော်နေတာပဲ..ပင်ပန်းသွားပြီထင်တယ်.."

နဖူးလေးကိုတစ်ချက်လောက်နမ်းလိုက်ချင်ပေမယ့်သူသောက်လာသည့်တစ်ခွက်တည်းသောယမကာအနံ့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားမှာဆိုးရသည် ခုတင်စွန်းမှာထိုင်၍ခြင်ထောင်အပြင်ကနေသာလှမ်းကြည့်၍မတ်တပ်ရပ်လိုက်သည်

" ကောင်းကောင်းအိပ်နော်မောင့်ဇနီးလေး.."

ဗိုက်ဆာလို့မီးဖိုချောင်မှာဘာရှိလဲသွားကြည့်ပေမယ့်ဆူးကသူ့အတွက်ကြက်ဥတစ်လုံးတောင်ချန်မထားပေ..အကုန်တိုက်ချွတ်ဆေးကြောထားပြီးသားအိုးခွက်ပန်းကန်တွေပဲရှိတော့သည်
သူသည်လည်းမနေ့ကနဲ့ဒီနေ့တစ်‌ေနကုန်ပင်ပန်းထားတော့ဒီအချိန်ရောက်မှထမင်းအိုးလည်းမတည်နိုင်တော့ပေ...
ဟူး..မိန်းမကိုချစ်တော့ညစာပါငတ်ပြီလေ...
မတတ်နိုင်ဘူး ရေသောက်ဗိုက်မှောက်၍အိပ်ရတော့မည်...

မီးဖိုခန်းဘက်၀င်သွားတာရော ဟိုဟာရှာ ဒီဟာရှာ လုပ်နေတာရော ဆူးသိနေတော့သူညစာဘာမှမစားရသေးမှန်းရိပ်မိလိုက်သည် ညနေကဆူးထမင်းစားရင်းသူ့အတွက်တစ်ခုခုချက်ပေးဖို့အတွေးက၀င်လိုက်သေးသည် ကိုယ့်ဘာသာခေါင်းခါငြင်းဆန်ပစ်လိုက်ပြီးအတွေးတွေကိုမောင်းထုတ်ပစ်လိုက်တာ...
ခုကျတော့လည်းစိတ်မကောင်းဖြစ်ပြန်ပြီ
ကျစ်..သွားစမ်းပါ..
သူ့မှာလည်းလက်နဲ့ခြေနဲ့ပဲ
သူ့ဟာသူရအောင်လုပ်လိမ့်မယ်...
အရင်ကလည်းသူ့အပေါ်စေတနာပိုခဲ့မိလို့သူ့လက်ခုပ်ထဲကရေဖြစ်ခဲ့ရတာ...
ခုတော့လူသိရှင်ကြားသူ့ဇနီးဖြစ်ခဲ့ရပြီ...
ဘ၀ကိုမတရားသိမ်းပိုက်ခံထားရတာနဲ့တင်ရှင့်အပေါ်မေတ္တာမထားနိုင်တော့တာသေချာပြီ ..

🌻🌻🌻

မနက်စောစောစီးစီးနှာခေါင်းထဲကိုကောက်ညှင်းပေါင်းနံ့လေးကကွေ့ဝိုက်၀င်လာတော့နိုးလာခဲ့သည်

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now