အချစ်နဲ့လက်တစ်ကမ်း🌻
အခန်း(၂)🌻🌻🌻
တစ်လမ်းလုံးရူပ်ထွေးနေတဲ့စိတ်ကအိမ်ပေါက်၀ကမြင်ကွင်းကြောင့်ပျောက်ဆုံးသွားပြီးထိတ်လန့်ခြင်းကအစားထိုး၀င်ရောက်လာသည်
ဆူးရဲ့အိမ်တံခါးကတစ်စုံတစ်ယောက်ရိုက်ဖွင့်ထားသလို ပျက်စီးနေတဲ့သော့အိမ်တန်းလန်းနဲ့ခပ်ဟဟပွင့်နေ၏
ခြံတံခါးနားကခုံလေးပေါ်မှာဆွဲခြင်းလေးချလိုက်သည်
အိမ်အောက်ကသစ်သားတုတ်ကိုဆွဲယူလိုက်၍သတိအနေထားအတိုင်းတံခါးပေါက်နားဆီတစ်လှမ်းခြင်းလျှောက်သွားလိုက်သည်
ခပ်ဟဟပွင့်နေတဲ့တံခါးကိုလက်တစ်ဖတ်နဲ့တွန်းဖွင့်လိုက်သည်
တံခါးဘေးကမီးခလုတ်ကိုဖွင့်ပြီးကြည့်လိုက်တော့ဧည့်ခန်းမှာဘယ်သူမှရှိမနေ...
ဧည့်ခန်းနဲ့တစ်ဆတ်တည်းဘုရားခန်းကလည်းလိုက်ကာစလေးသိမ်းတင်ထားတော့အထဲမှာဘယ်သူမှမရှိမှန်းသိသာသည်
ဆူးအခန်းထဲကို၀င်ကြည့်လိုက်တော့လည်းခြေရာလက်ရာပျက်နေတာဘာတစ်ခုမှမရှိ...
သူခိုးဆိုရင်တစ်ခုခုယူပြီးထွက်သွားလောက်ပြီပေါ့..
ဆူးအိမ်မှာသူ ခိုးစရာဘာမှမရှိတော့စိတ်ဓာတ်ကျပြီးပြန်ထွက်သွားပုံပေါ်သည်ဒုတ်ကိုကျစ်ကျစ်ကိုင်၍သတိထားပြီးနောက်ဖေးမီးဖိုခန်းထိ၀င်ကြည့်လိုက်သည်
ဒီအိမ်ထဲမှာရှိနေသေးလျှင်ဆူးကိုအန္တရာယ်ပေးနိုင်သည်မဟုတ်လား.." ဒုတ်ကြီးကိုင်ပြီးဘာလုပ်နေတာလဲ..."
" အမလေး..."
တိတ်ဆိတ်နေတဲ့အချိန်ရုတ်တရတ်ထွက်လာတဲ့ယောကျာ်းအသံကြောင့်လန့်ဖြန့်ပြီးလက်ထဲကဒုတ်ကလွတ်ကျသွား၏
လေလိုအမြန်နူန်းနဲ့ခါးလေးကနေဖတ်ပြီးနောက်ရွေ့လိုက်လို့သာခြေထောက်ပေါ်ပြုတ်ကျမယ့်အရေးကသီသီလေးလွတ်သွားခဲ့တာ..." ရှင်!.."
နောက်လှည့်ကြည့်မိချိန်တွင်ဆူးမျက်၀န်းတွေပြူးကျယ်၍နူတ်ခမ်းလေးတွေပါပွင့်ဟသည်အထိအံ့ဩသွား၏
ကိုယ့်မျက်နှာကိုသူကအားမနားတမ်းပိုက်စိတ်တိုက်ကြည့်နေတာကိုလည်းရှောင်ဖို့မသိ...
ခါးပေါ်ကသူ့လက်တစ်ဖတ်ကိုလည်းဖြုတ်ချဖို့သတိမရဘဲဖြူ၀င်းနေသည့်သူ့မျက်နှာကိုသာမှင်သက်စွာငေးနေမိသည် မျက်၀န်းချင်းဆုံချိန်တွင်ဆူးမျက်နှာပေါ်ကိုသူ့ရှေ့ဆံပင်ကရေစက်လေးတစ်ပေါက်ကျလာသည်
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...