အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၇)🌻🌻🌻
" မမဖြူ.."
" အေးဖြူမလား.."
" အေးဖြူကဆေးရုံကိုဘာလာလုပ်တာလဲ..ဟယ်..အင်္ကျီမှာလည်းသွေးတွေနဲ့ပါလား.."
" အေးဖြူဘာမှမဖြစ်ဘူး..ဒါကိုကြီးရဲ့သွေးတွေ..အဟင့်..ကိုကြီးကိုလမ်းမှာလူမှားပြီးဝိုင်းရိုက်လိုက်ကြလို့..ခုoperationခန်း၀င်နေရတယ် သွေးထွက်လွန်နေလို့တဲ့မမရယ်...အဟင့်.."
" ဒါဆိုကိုစိုင်းကဒီဆေးရုံမှာပေါ့..ဖြစ်မှဖြစ်ရလေ..တိုက်ဆိုင်လိုက်တာ.."
မျက်နှာလေးပျက်ယွင်းသွားပြီးအံ့အားသင့်သလိုဖြစ်သွားသည့်မမဖြူလေသံကြောင့်မော့ကြည့်လိုက်မိသည်
" မမဖြူကဆေးရုံကိုဘာလို့လာတာလဲဟင်..ဘယ်သူဘာဖြစ်လို့လဲ...'
" မမဆူးမီးဖွားနေတယ် ဒီဆေးရုံမှာပဲ.."
" ရှင်!!"
မျက်ရည်လက်စနဲ့အေးဖြူမျက်လုံးတွေပြူးကျယ်သွားတာပုစွန်ဆိတ်ကပင်အမေခေါ်ရလောက်ပေသည်
" မပန်းနုရဲ့လူနာရှင် အုပ်ထိန်းသူရှိပါသလား..'
" ရှိပါတယ်ရှင်.."
မမဖြူကအသံပေး၍ဆရာ၀န်ကြီးဆီပြေးသွားလိုက်သည်
" မပန်းနုသားလေးမွေးတယ်နော်..ကိုယ်လက်အင်္ဂါအစုံပါပြီးမိခင်ရောကလေးရောကျန်းမာပါတယ်...ကလေးကသားဦးဖြစ်ပြီးထွားလည်းထွားတော့မအေခင်ဗျှာတော်တော်ရုန်းလိုက်ရတယ်...ခုတော့မောပန်းလွန်းလို့နားနေရှာတယ်..."
ဆရာမကသားလေးကိုဖြူ့လက်ထဲထည့်ပေး၏ အနှီးထုတ်လေးထဲကဆံပင်နက်နက်တွေနဲ့ဖြူဖွေးလုံးကစ်နေသည့်သားလေးသည်နူတ်ခမ်းလေးတွေရဲလို့သိပ်ကိုချစ်စရာကောင်းနေသည် မွေးကာစဆိုသည့်အချိန်မှာတောင်မျက်ခုံးတန်းတွေ နှာတံတွေက ကိုစိုင်းမှကိုစိုင်းရုပ်စစ်စစ်ပင်...
မမဆူးတို့များ...စိတ်နာနေပေလို့ပဲ..." ကလေးကိုဆေးစစ်ရပါမယ်ရှင်.."
" ဟုတ်ကဲ့ပါဆရာမ..ဖြူလိုက်ခဲ့ပါမယ်.."
" စိတ်မရှိပါနဲ့ဒီကညီမကမွေးလူနာနဲ့ဘယ်လိုတော်စပ်သလဲ.."
" အမွှာညီအစ်မပါ.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...