အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၈)🌻🌻🌻
ကိုစိုင်းရှိနေသောဆေးရုံမှာလုံး၀မတက်နိုင်ပါဆိုတဲ့မမဆူးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်နေ့မကူးဘဲချက်ချင်းတခြားဆေးရုံကိုရွေ့ပေးလိုက်ရသည်
စိတ်မြန်လိုက်ပုံများ...ဘယ်သူမှကူညီမပေးလျှင်သူ့သားကိုသူပိုက်ပြီးဆင်းမည်တဲ့...ကိုစိုင်းကလည်းအရိပ်တကြည့်ကြည့်နဲ့မို့ဟိုနေ့ကပြေးလွှားလို့ပြုတ်ထွက်ကုန်သည့်သူ့ဒဏ်ရာတွေကိုပြန်ချုပ်ဆေးထည့်နေသည့်အချိန်မှာလစ်ထွက်လာခဲ့ရသည်
ဖြူနဲ့အေးဖြူ လည်း ဂျိန်းစ်ဘွန်းရုပ်ရှင်007 ထဲက လူနာပြန်ပေးဆွဲတဲ့ နတ်စ်မတွေကိုဖြစ်လို့...
ကိုစိုင်းဘယ်အချိန် ဘယ်ကော်ရစ်တာကပြေးထွက်လာမလဲကျီးကန်းတောင်မှောက်လိုက်ကြည့်ရသည်
တစ်ယောက်ကလည်းသည်းသည်းလူပ်...
တစ်ယောက်ကလည်းမြင်တာနဲ့ထွက်ပြေးပါ့မယ်ဆိုတာချည်းပဲ...အေးဖြူကကိုစိုင်းအတိတ်မေ့နေတာရှင်းပြမယ်လုပ်တိုင်းမမဆူးကသူ့နာမည်ထပ်ကြားရလျှင်သူ့ကိုယ်သူတစ်ခုခုလုပ်ပစ်မည်ဟုဆိုသဖြင့်ဖြူတို့လည်းအထွန့်မတက်ရဲကြပေ..
" ဆူးကဒီလောက်ခေါင်းမာတာတော့မဖြစ်သင့်ပါဘူး.. သူလည်းဖအေတစ်ယောက်ပဲ သူ့ရင်သွေးကိုတွေ့ချင်မှာပေါ့..ကိုယ်ကတော့ယောကျာ်ချင်းဆိုတော့မြင်နေရတဲ့ယောကျာ်းတစ်ယောက်ရဲ့ခံစားချက်ကိုပဲတွေးကြည့်ပေးနိုင်တယ်.."
" ဒါပေမယ့်မမဆူးဘက်ကတွေးကြည့်ရင်လည်းစိတ်နာစရာပဲလေ
ကိုယ်၀န်လနုနုလေးကတည်းကထားသွားခဲ့တာမလား...မိန်းကလေးတွေကဒီလိုအချိန်ဆိုပိုခံစားလွယ်တတ်ကျတယ် ပြီးတော့ဘယ်သူပဲရှိရှ်ကိုယ့်ယောကျာ်းကိုပဲမှီခိုတတ်ကြတာ..နောက်ဆုံးသာသားကိုမွေးနေတဲ့အချိန်မှာတောင်အားကိုးရာခင်ပွန်းဖြစ်သူကအနားမှာမရှိခဲ့ဘူး...ဒီလိုအချိန်တွေကအစားထိုးလို့မရနိုင်ဘူးအစ်ကိုရဲ့...
မမဆူးလိုအမျိုးသမီးကတော့တကယ်ရှားတယ် ဒီလတွေကိုကြံ့ကြံခံဖြတ်သန်းပြီးသူ့ယောကျာ်းကိုရှာဖို့ဗိုက်ကြီးနဲ့ရန်ကုန်ကိုတက်လာတာတဲ့...
အဲ့နေ့ကကိုစိုင်းကိုမိန်းမတစ်ေယာက်နဲ့မြင်လိုက်ပေမယ့်လှမ်းမခေါ်တော့ဘဲငိုတာပဲတဲ့...အထင်လွဲသွားတာဖြစ်နိုင်တယ်.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...