အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၃)
🌻🌻🌻
တစ်ညလုံးသည်းထန်ခဲ့တဲ့မိုးသည် မိုးလင်းပိုင်းမနက်၆နာရီ၀န်းကျင်မှဆဲလေသည်
ဒါတောင်ခပ်ဖျောက်ဖျောက်ရွာနေသေးသည်
မိုးဆဲသွားပေမယ့်ကောင်းကင်ကစင်ကြယ်အောင်လင်းမနေသေးဘဲ ခပ်ဖျော့ဖျော့မိူင်းမိူင်းပင်...နိုးကြားခြင်းအသိကကိုယ်မှာကပ်သည့်အချိန်တွင်ပထမဆုံးနှူတ်ခေါင်း၀ကိုပန်းနံ့လိုမျိုးအနံ့ဖျော့ဖျော့သင်းသင်းကလေး၀င်လာ၏
ထိုအနံ့ကြောင့်စိတ်ကြည်သွားတာတော့အမှန်ပင်...
မျက်လုံးတွေဖွင့်ဖို့ကြိုးစားသော်လည်းမျက်ခွံတွေကလေးလံနေတော့ချက်ချင်းမဖွင့်နိုင်...
ခန္ဓာကိုယ်ကိုလူပ်ဖို့ကြိုးစားကြည့်တော့လည်းတစ်ကိုယ်လုံးကိုက်ခဲနာကျင်နေလေသည်မျက်လုံးတွေကိုကြိုးစားပြီးဖွင့်ကြည့်တော့ပထမဆုံးတိုး၀င်လာသည့်ပုံရိပ်ကလေးသည်..
သူ့စိတ်အာရုံထဲမှာလင်းခနဲဖြစ်သွား၏
ဆူးကသူနဲ့မျက်နှာချင်းဆိုင်ပြီးကွေးကွေးလေးလှဲအိပ်နေလေသည်
ညကမအိပ်ခင်သူအပျင်းဖျားနေပြီဆိုတာသိလိုက်သည် မရရအောင်ကျိတ်မှိတ်အိပ်ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကုန်လဲသူဘာမှမသိတော့ပါ...
ဆူးကသူ့ဘေးနားကိုဒီအတိုင်းရောက်လာစရာအကြောင်းမရှိ...
ထထိုငိလိုက်တော့ကျောထဲမှာအောင့်တက်သွား၏ မိုးရေထဲမှာအလုပ်လုပ်ခဲ့တဲ့ဒဏ်ကြောင့်ညကဖျားတဲ့ထိဖြစ်သွားတာ...
ပတ်၀န်းကျင်ကိုအကဲခတ်ကြည့်တော့ခြင်ထောင်တစ်ခြမ်းကိုခေါက်တင်ထားတာတွေ့ရသည် ခေါင်ရင်းဘက်မှာရေဇလုံနဲ့ပုဝါတစ်ထည်ရယ် ပိုက်တပ်ပြီးအဖုံးပိတ်ထားသည့်ရေနွေးခွက်ကလေးရယ်...
ဆက်စပ်တွေးကြည့်ပြီးအဖြေပေါ်သွား၏
ညကသူဖျားနေလို့ဆူးကပြုစုပေးနေတာ...
သူ့ဘေးမှာအကြာကြီးစောင့်ရလို့ဆူးမဟန်နိုင်ဘဲအိပ်ပျော်သွားခဲ့ပုံပေါ်သည်
ရင်ထဲမှာကြည်နူးခြင်းတစ်၀က် သူမကိုစ်ုးရိမ်ခြင်းတစ်၀က်နဲ့အနားတိုးပြီးနဖူးလေးကိုစမ်းမိတော့ကိုယ်ပူနေလေပြီ..
" ဟာ..ကျစ်.."သူ့နဖူးကိုပြန်စမ်းကြည့်တော့ကိုယ်ငွေ့သာကျန်ပြီးအဖျားလုံး၀မရှိတော့ပေ...
သူ့ဆီကကိုယ်ပူကသူမဆီကိုကူးသွားခဲ့ပုံပေါ်သည်
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...