အခန်း(၂၀)

3.8K 95 3
                                    

အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၂၀)

🌻🌻🌻

" ခုလိုကျတော့လည်းစောစောကဒီဇိုင်းနဲ့ဘာမှမဆိုင်ဘူး...ချောသန့်နေတာပဲ..
ခုမှပဲနေနဲ့လ ရွေနဲ့မြဖြစ်တော့တယ်"

အ၀တ်အစားလဲပြီးခေါင်းဖြီးပြီးထွက်လာသည့်သူ့ပုံစံကိုကြည့်ပြီးမိတ်ကပ်ဆရာကချီးကျူးနေသည် သူ့ပုဆိုးကလည်းဆူး၀တ်စုံနဲ့အရောင်တူပင်..

" အဆင်သင့်ဖြစ်ရင်ထွက်ခဲ့ကြတော့လေ..တို့ပွဲခင်းထဲမှာပဲစောင့်နေပေးရမလား.."

" ဟုတ်ကဲ့ အဲ့လိုလုပ်ပေးပါ.."

" ဒါဆိုတို့အရင်သွားနှင့်မယ်..အဲ့မှာအငေးလွန်ပြီးစိတ်မထိန်းနိုင်ဘဲနမ်းမပစ်လိုက်နဲ့နော်.."

" အဟွန်း.. မလုပ်ပါဘူးဗျှာ..စိတ်ချပါ.."

နှစ်ယောက်တည်းကျန်ခဲ့သည့်အချိန်ထိဆူးကသူ့ကိုစကားတစ်ခွန်းမှမပြောပေ...

" ဆူး.."
ဆူးထိုင်နေတဲ့ခုံမှာလက်ထောက်ပြီနောက်ကျောဘက်ကနေကိုယ်ကိုကိုင်း၍အနားကပ်ခေါ်လိုက်တော့လန့်သွား၏

မော့ကြည့်လိုက်တော့ရှေ့တည့်တည့်ကမှန်ချပ်မှာဆူးပုံရိပ်ကိုမြင်သည် သူကလည်းဆူးလိုပဲမှန်ကိုကြည့်ပြီးငေးနေ၏

" မင်းကိုကိုယ်လုပ်ပေးစရာရှိတယ် ဒီဘက်ခဏလှည့်လိုက်နော်..."

ဒီဘက်လှည့်လိုက်တော့သူ့နောက်ကျောဘက်မှာ‌ကပ်ယူလာသည့်ဘူးလေးတစ်ဘူးကိုရှေ့ထုတ်ပြီးဖွင့်လိုက်သည်
လက်စွပ်တစ်ကွင်းထုတ်ယူပြီးဘာမှဆင်မြန်းမထားသည့်ညာဘက်လက်ခလည်မှာစွပ်ပေး၏
ဆူးကသူ့ကိုဘာစကားမှမပြောဖို့ဆုံးဖြတ်ထားတာမို့သူလုပ်သမျှငြိမ်နေပေးလိုက်သည်
နောက်ထပ်တစ်တန်းသွားစိန်လည်တုံလေးကိုထုတ်ပြီးရှင်းလင်းနေသည့်လည်တိုင်လေးမှာဆင်ပေးပြန်သည် မျက်နှာနှစ်ခုနီးကပ်သွားတော့ဆူးမျက်၀န်းတွေပိတ်ချလိုက်သည်
မိတ်ကပ်artistယူလာသည့်၀တ်စုံကဆူးနဲ့ကွက်တိတော်နေပြီးပုခုံးကျယ်ကျယ်နဲ့ရင်ဘတ်မှာ၀ိုင်း၀ိုင်းလေးကပ်နေသည့်ဒီဇိုင်းလေးမို့ဖြူနုရှင်းလင်းသည့်လည်တိုင်အလှသည်စိန်လည်ဆွဲလေးနဲ့ပေါင်းစပ်လိုက်မှပိုတင့်တယ်သွားတော့သည်

အချစ်နှင့်လက်တစ်ကမ်း💗(Complete)Where stories live. Discover now