အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၃၁)🌻🌻🌻
မနက်ပိုင်းဆိုသူနဲ့အေးဖြူကမနက်စာထလုပ်သည် ဆူးအတွက်မနက်စာကိုသူပဲစီစဉ်သည် ဆူးကလည်းတစ်ခါမှမစားပါ
ဒါလည်းလုပ်ပေးမြဲပင်...ခုတော့မိုးလင်းတည်းကအေးဖြူယောကျာ်းနဲ့နှစ်ယောက်သားတိုးတိုးကျိတ်ကျိတ်တိုင်ပင်ပြီးထွက်သွားတော့သည်
" အေးဖြူ နင့်ယောကျာ်းကအလုပ်မလုပ်သေးဘူးလား.."
" လုပ်နေပြီလေမမရဲ့ ကိုကြီးကအလုပ်သွင်းပေးမယ်ပြောတယ်တဲ့.."
" ဘယ်မှာလဲ..'
" မသိဘူးလေ..
" ကိုယ့်ယောကျာ်းအလုပ်လုပ်တဲ့နေရာကိုနင်ကဘာဖြစ်လို့မသိရတာလဲ.."
" အေးဖြူမေးကြည့်တာကိုမပြောဘူး..နောက်တော့သိရမှာပေါ့တဲ့.."
" အဲ့ဒါနဲ့ပဲဒီအတိုင်းထားလိုက်ရသလား..တစ်ခုခုမကောင်းတာလုပ်နေရင်ဘယ်လိုလုပ်မလဲ.."
" မမကလည်း ကိုကြီးတစ်ယောက်လုံးပါတာကို..သူကအေးဖြူယောကျာ်းကိုတော့မကောင်းတာမလုပ်ခိုင်းလောက်ပါဘူး.."
" အေး နင်တို့ပဲသူ့ကိုယုံနေလိုက်.."
" စိတ်လျှော့လိုက်ပါမမရယ်..မမဘက်ကထားခဲ့ခံရတာရော သားလေးမွေးခါနီးတခြားမိန်းကလေးနဲ့မြင်လိုက်ရတာရောအကုန်ပေါင်းပြီးကိုကြီးကိုမုန်းနေတယ်ဆိုတာဖြစ်သင့်ပေမယ့်ကိုကြီးဘက်ကလည်းမမမုန်းသလောက်ကိုသူချစ်နေတာနော်... အဲ့ဒါအေးဖြူသိတယ်
ခုဆိုသားလေးပါမွေးပြီးနေပြီ...မမဘေးကနေကိုကြီးကိုဘူဒိုဆာနဲ့ထိုးချတောင်ကွာမှာမဟုတ်
တော့ဘူးသေချာတယ်..
အိမ်ရောက်ကာစကအေးဖြူကိုဘယ်လိုလာပြောလဲသိလား..."အေးဖြူကဘေးမှာခုံဆွဲ၍လာထိုင်ပြီးသူ့မျက်နှာပုံစံအတိုင်းမျက်ခုံးတန်းတွေကုတ်ပြီးတည်တင်းနေသောမေးရိုးနဲ့ပြတ်တောက်တဲ့လေသံအတိုင်းလုပ်ပြနေသည်
" ဟဲ့..ဒါကငါ့မိန်းမအိမ်နော်..နင်နဲ့နင့်ယောကျာ်းပဲအ၀င်အထွက်ရှိပါလေ့စေ...နင့်ယောကျာ်းတောင်ငါ့ညီမဖြစ်တဲ့နင်ကပတ်သတ်တဲ့လူမို့ယုံကြည်ပေးထားတာ..
နင်တို့ဆီလာလည်တဲ့ဧည့်သည်တောင်အထီးမပါစေနဲ့..အေး..ငါ့ဇနီးကိုမရိုးမသားကြည့်လာတဲ့ကောင်တွေ့ရင်ငါ့အဆိုးမဆိုနဲ့..နင်တို့ကိုပါနှင်ချမှာ..."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romantik၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...