အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၂)
🌻🌻🌻
" ဝေါ..၀ရော..ဒုန်း!!"
" ဂျိန်း..ဒလိန်း!!"
မိုးတွေကလည်းဒီညကျမှမုန်းတိုင်း၀င်ကာစလို့သည်းကြီးမည်းကြီးရွာနေတော့သည်
လေတွေတိုက်နေတာလည်းတ၀ုန်း၀ုန်းနဲ့အိမ်ခေါင်မိုးကသွပ်တွေတောင်လန်ကုန်ပြီလားမသိ..." ဟက်ချိူး.."
ညနေကကျောင်းကပြန်လာပြီးကတည်းကရေအမြန်ချိုးပြီးဆေးသောက်လိုက်ပေမယ့်ခုထိနှာချေနေသေးသည် မိုးသံတွေကြောင့်ပြတင်းတံခါးတွေလိုက်ပိတ်လိုက်ရင်းအနွေးထည်ထူထူလေး၀တ်မိသည်
သို့သော်ဆူး၀တ်ထားတဲ့အနွေးထည်ကသူ့ဆီကယူလာခဲ့သည့်သူ့အင်္ကျီflannel(ဖလန်ထည်)လောက်တောင်မနွေးဘူးလို့ထင်သည်တစ်ချက်တစ်ချက်၀င်းခနဲလျှပ်စီးလက်ပြီးမိုးချိမ်းသံအကျယ်ကြီးကြောင့်ရင်တွေတုန်ပြီးထိတ်လန့်မိသေးသည်
ဒီရွာကိုရောက်ပြီးကာမှဒီလောက်မိုးကြီးလေကြီးတာမျိုးဆူးမကြုံခဲ့သေးပါစောင်အထပ်ထပ်ခြုံ၍အိပ်ယာထဲမှာခွေနေသော်လည်းချမ်းနေသေးတာမို့ဆူးဖျားနေပြီဆိုတာသိလိုက်သည်
တစ်ဆတ်တည်းတွေးမိတာကဆူးတောင်မိုးပေါက်စင်ရုံနဲ့ဖျားနေလျှင်တစ်ညနေလုံးမိုးရေထဲမှာအလုပ်လုပ်နေသည့်သူဆိုဘယ်လိုလုပ်မလဲ...
မုန်းတိုင်း၀င်သလိုကြမ်းနေတဲ့လေနဲ့မိုးကြားမှာသူ့တဲလေးလုံခြုံပါရဲ့လား...
ဟိုတွေးဒီတွေးနဲ့စိတ်ပူမိသော်လည်းဒီအချိန်ဆူးတစ်ယောက်တည်းသူ့ဆီဘယ်လိုသွားရပါ့မလဲ...
သူနဲ့အတူတူစောင့်အိပ်ပေးသည့်ရွာသားတွေလည်းရှိတာပဲ..
သူအဆင်ပြေလောက်မှာပါ..🌻🌻🌻
" သူကြီးလေးဘယ်သွားမလိူ့လဲ.."
" ငါ့အိမ်တစ်ချက်သွားကြည့်ဦးမယ်.."
" မိုးရော လေရောတစ်အားကြမ်းနေတာကို နောက်မှသွားပါလားကိုကြီးရယ်.."
" မရဘူးသာလှ..သူတစ်ယောက်တည်းရယ်ကြောက်နေလိမ့်မယ်.."
" ကိုကြီးလည်းနေကောင်းတာမဟုတ်ဘူးလေ ဒီလောက်ဖျားနေတာကို...နောက်မှ.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...