🌻🌻🌻
" ဆရာမလေးရေ.."
" ဗျို့ဆရာမလေး.."
" လာပါပြီရှင်.."
ဆူးအသံပေးရင်းသစ်သားပျဥ်ေထာင်အိမ်လေးပေါ်ကဆင်းလိုက်သည်
" အော်..အရီးလေး အိမ်ပေါ်ကိုကြွဦးလေ.."
" မတတ်တော့ပါဘူးကွယ်..ဒီမှာဆရာမလေးအတွက် ငါးခြောက်ထောင်းကျော်လေးလာပေးတာ.."
" အားနာစရာကြီးအရီးလေးရယ် ပန်းနုမှာဟင်းတွေရှိပါတယ် ဟို..
အရီးနေ့တိုင်းချက်ပြုတ်ပြီးပို့ပေးနေတာပင်ပန်းမှာဆိုးလို့ပါ.."" ဘယ်ကသာဆရာမလေးရယ် ကျုပ်ကတစ်နှပ်စာပဲချက်ပေးရတာပါတော် ပင်ပန်းစရာဘာအကြောင်းမှမရှိဘူး .. ဆရာမလေးအတွက်ခုလိုချက်ပြုတ်ပေးနေရတာကိုကျုပ်ကပျော်နေတာ...နောက်နေ့တွေလည်းလာပို့ပေးဦးမယိနော်.."
" မဟုတ်တာ.."
ဆူးငြင်းဖို့ပြင်းတာနဲ့အရီးကခေါင်းခါတော့သည်
" ဆရာမလေးကကျုပ်တို့ကလေးတွေအပေါ်မှာကျေးဇူးတွေအများကြီးရှိခဲ့တာ..စာမေးပွဲတဘုန်းဘုန်းကျနေတဲ့ကလေးတွေကဆရာမလေးရောက်လာကတည်းကအကုန်စာမေးပွဲတွေအောင်ကုန်ပြီ ကျောင်းတတ်ဖို့လည်းအော်ဟစ်ဆဲဆိုနေစရာမလိုတော့ဘူး သူတို့အသိစိတ်ဓာတ်နဲ့သူတို့သွားကြပြီ..ခု မြို့တက်အလုပ်လုပ်နေတဲ့ကောင် .."
ပန်းနုကစူးစမ်းသလိုလေးဖြစ်သွားတော့အရီးကစကားဆက်သည်
" အိမ်က၈တန်း၄ခါကျနေတဲ့အကြီးကောင်တောင်ဆရာမလေးကအသံချိုချိုေလးနဲ့နား၀င်အောင်ဆုံးမတတ်တာ ဘယ်လောက်စာသင်ကောင်းတာ အမလေးပြောလိုက်တာမှရေပက်လို့မ၀င်ဘူး..အဲ့တော့အရီးဟင်းလာပို့တာကိုဒီကျေးဇူးတွေဆပ်တယ်လို့ပဲသဘောထားလိုက်ပါ..နော် ဆရာမလေး"
ဆူးခေါင်းလေးသာငြိမ့်ပြလိုကိသည်
တောသူတောင်သားတွေဟာအပြောဆိုးပေမယ့်စိတ်ရင်းကောင်းကြတယ်ဆိုတာဆူးဒီကိုရောက်ပြီးနောက်ပိုင်းသေချာသိရပါပြီ...ဒီရွာမှာ"ဆူး"ဆိုတဲ့နာမည်နဲ့အတိတ်ကိုပြည်ဖုံးခဝါချ၍"ပန်းနုဆည်းဆာ"ဆိုတဲ့အမည်နဲ့ကျောင်းဆရာမ၀င်လုပ်ခဲ့သည်
ရွာက ကလေးတွေဟာအလယ်တန်းပြီးလျှင်အထက်တန်းကျောင်းကိုတောင်ဘက်ပိုင်းမှာရေတစ်တန် ကုန်းတစ်တန် နဲ့သွားပြီးခက်ခက်ခဲခဲတက်ရတာမို့ဒီရွာမှာအလယ်တန်းအောင်သည်သာပညာအတတ်ဆုံးဖြစ်နေသည်
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Roman d'amour၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...