အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၅)🌻🌻🌻
" တင်းမ်တောင်!!"
" ကိုကြီးတို့ရောက်ပြီထင်တယ်.."
အေးဖြူအပြေးသွားပြီးတံခါးဖွင့်လိုက်တော့လည်သာဂျာကင်အညိုရောင်၀တ်ထားပြီးခန့်ခန့်ထည်ထည်ပုံစံမျိုးနဲ့အပေါက်၀မှာရပ်နေတာကိုကြီးရယ်ပါ
ကိုကြီးနဲ့ပွေ့ဖတ်နူတ်ဆတ်ပြီးဘေးကမိန်းကလေးကိုကြည့်လိုက်ရင်းကိုကြီးကဟန်မပျက်နေဖို့ပြောသော်လည်းအေးဖြူအံ့ဩလွန်းလို့ပါးစပ်ပါဟနေလေသည်
" မမဆူး မမဆူး ဟုတ်တယ်နော်.."
" ဆူးပါအေးဖြူရယ်.. ညီမလေးနေကောင်းတယ်နော်.."
သန္တာကအနောက်မှာနေပြီးပြောသမျှကိုကြားနေရပေမယ့်နားမလည်ပေ..
ဆူးကဘယ်သူလဲ...
ဆရာမပန်းနုနာမည်ကဆူးလား...ရွာရောက်မှနာမည်ပြောင်းလိုက်တာလား ဘာတွေလဲ..." လွမ်းလိုက်တာမမရယ်.."
မမဆူးကဆံပင်တွေရှည်လာပြီးဖြူဖြူနုနုယဉ်စစပုံစံလေးနဲ့အလှကြီးလှနေလေသည်
ပွေ့ဖတ်လိုက်တော့သနပ်ခါးနံ့သင်းသင်းလေးကိုရလိုက်သည် ကိုကြီးမြတ်နိုးမယ်ဆိုလည်းမြတ်နိုးလောက်ပါသည်" လာမမတို့ အထဲကို၀င်.."
" ငါ့ကိုလည်းခေါ်ပါဦးအေးဖြူရယ်.."
" ဟယ် သန္တာပါ ပါလာတယ်.."
" ဟုတ်ပ နင်မခေါ်ချင်မှန်းသိပါတယ် ငါကအတင်းလိုက်လာရတာ သတိရလို့..'
" တမင်မခေါ်တာမဟုတ်ပါဘူးဟယ်..စိတ်မဆိုးပါနဲ့.."
" အေးပါ ငါကလိုက်လာရတာကိုပဲပျော်နေပြီ'
အေးဖြူကအပေါက်၀ကနေခေါင်းထွက်ပြီးကော်ရစ်တာကိုဘယ်ညာလှည့်ကြည့်သည်
" ငါတစ်ယောက်တည်းလိုက်လာတာပါဟယ် နောက်ထပ်ဘယ်သူမှမပါဘူး..'
"' အော် အေးအေး..ငါ့အိမ်လေးကကျဉ်းတော့ရွာကလူတွေအကုန်လာရင်ဧည့်၀တ်မကြေသလိုဖြစ်မှာဆိုးလို့ပါဟယ် အဲ့ဒါကြောင့်ပါ.."
" ကိုကြီးနဲ့မမ အေးဆေးနားကြဦးနော် ပြီးရင်အခန်းလိုက်ပို့မယ် အော် ကိုကြီးကဒီမှာနေဖူးတာပဲ ကိုကြီးပဲလိုက်ပို့ေပးလိုက်.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romansa၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...