အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၆)🌻🌻🌻
ဘာလိုလိုနဲ့အေးဖြူနဲ့သူ့ချစ်သူကောင်လေးတောင်ဒီနေ့မနက်မှာမင်္ဂလာဆောင်လိုက်ပြီ
အဆင်မြင့်ဟော်တယ်ကြီးမှာမဟုတ်သော်လည်းခန်းမကျယ်တစ်ခုမှာ ပရိသတ်အနည်းအကျဉ်းနဲ့မင်္ဂလာပွဲလေးကစည်စည်ကားကားတော့ရှိလှသည်
လက်စွပ်လဲ၍မင်္ဂလာကတိသစ္စာပြုပြီးတော့နှစ်ယောက်သားအနမ်းချွေကြသည်
သူကဆူးဘေးနားမှာလာရပ်ပြီးပုခုံးချင်းတိုက်၏
" ဟိုမှာတွေ့လား..ဘယ်လောက်အားကျစရာကောင်းလဲ.."" အားကျရင်ရှင်လည်းမိန်းမယူလိုက်လေ.."
" မင်းရှိတယ်လေ.."
" ကျစ်.."
ဆူးမျက်နှာလေးပျက်သွားတော့မှပြုံးစိစိနဲ့တစ်ဖတ်လှည့်သွား၏
" ဓာတ်ပုံရိုက်ပေးရမလား..'"
" နေပါ..'"
" နေလို့မရဘူး..လာစမ်းပါ.. မင်္ဂလာခန်းမ၀င်တုန်းလေးအမှတ်တရပေါ့..'"
ဆူးကိုခန်းမရှေ့ကအလှစိုက်ထားသည့်ရောင်စုံပန်းပင်လေးတွေရှေ့ကခုံတန်းလေးမှာထိုင်စေပြီးသူကဓာတ်ပုံရိုက်ပေးသည်
ဆူးလည်းမရိုက်တာကြာနေတော့ရှက်မိသလိုဖြစ်ပေမယ့်သူကတစ်ပုံရိုက်လိုက် လာပြလိုက်နဲ့မို့စိတ်ပါလာပြီးဆက်တိုက်ရိုက်ဖြစ်သွားတော့သည် ခန်းမပတ်လည်ကလှတဲ့နေရာတိုင်းမှာဆူးကိုသူကိုယ်တိုင်ဘယ်လိုပုံစံနေဖို့ပြပြီးဓာတ်ပုံလိုက်ရိုက်ပေးသည်" ရော့..ဒီပန်းလေးကိုင်ထား..'
" ပန်းခူးလို့ရောရရဲ့လားစိုင်းရယ် ရှင်ဒဏ်ငွေပေးရဦးမယ်..'
" မင်းဓာတ်ပုံလေးပြည့်စုံနေရင်ဘယ်လောက်ပေးရပေးရ.."
သူကဆူးကိုပန်းတွေကိုင်ခိုင်းထားပြီးဓာတ်ပုံရ်ိုက်ယူသည်
" လှတယ်.."
" ရော့..ရှင်ပန်လိုက်.."
ဆူးကိုင်ထားတဲ့ပန်းတွေထဲကအဖြူရောင်ပန်းတစ်ပွင့်ထုတ်ပေးလိုက်သည်
" ကိုယ်ကယောကျာ်းကြီးလေ ပန်းနဲ့ဘယ်လိုလုပ်သင့်တော်မှာလဲ.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...