အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၄)
🌻🌻🌻
ဒီနေ့ကကျောင်းပိတ်ရက်ဆိုပေမယ့်အသားကျနေတဲ့မျက်လုံးတွေကမနက်၅နာရီမှာနိူးစက်မလိုဘဲနိုးလာသည်
ကိုယ်လက်သန့်စင်ပြီးဘုရားဆွမ်းတော်ကပ်ဖို့ဆွမ်းပူပူလေးချက်လိုက်သည် ရှိတဲ့အရွက်ကြော်လေးတစ်ခွက်ပူပူလေးကျော်ပြီးဆွမ်းကပ်ဖို့ပြင်နေတုန်းခြေသံကြားလို့အပြင်ထွက်ကြည့်တော့သူကဖိနပ်ချွတ်မှာခြေညှပ်ဖိနပ်ကိုချွတ်ချခဲ့ပြီးအပေါ်တက်လာသည်
" ရှင်ကအပြင်မှာလား..'
" အင်းလေ..က်ုယ့်ယောကျာ်းဘယ်အချိန်အပြင်ထွက်သွားသလဲတောင်မသိဘူးလား..'
" အဲ့စကားကိုထည့်မပြောနဲ့လို့ပြောထားတယ်လေ..ရှင်တော်တော်စိတ်ပျက်ဖို့ကောင်းတယ်
ဒီကရှင့်ကိုလိုက်ကြည့်နေတာမဟုတ်ဘူး သွားချင်သွား ပြန်ချင်ပြန် စိတ်ကိုမ၀င်စားတာ..."ဆူပုတ်ပြီးခန်းစီးပုဝါလှပ်၍မီးဖိုခန်းထဲကိုပြန်၀င်သွား၏
ပြုံးစိစိဖြစ်သွားရင်းနောက်ကလိုက်၀င်လာခဲ့သည်" ဘာစားဖို့ရှိလဲ.."
" ခဏစောင့် ပြင်ပေးမယ်..ပြီးရင်ခေါ်လိုက်မယ်..'
သူကအပြင်ထွက်မသွားဘဲဆူးနောက်ကျောဘက်ကထမင်းစားပွဲဝိုင်းလေးမှာ၀င်ထိုင်သည်
ဆူးကိုကြည့်နေမှန်းလည်းသိနေတော့အလုပ်လုပ်ရတာစိတ်မကြည်တော့ပေ..
ဘာတွေကိုင်လို့ကိုင်မိမှန်းလည်းမသိတော့...ဒီလူအလိုက်ကန်းဆိုးမသိတာလား...
တမင်မျက်နှာပြောင်တိုက်နေတာလား...
သူများလုပ်နေကိုင်နေတာကိုအဲ့လိုလိုက်ကြည့်ရမယ့်လို့သူ့ကိုဘယ်သူသင်ပေးလိုက်သလဲ..
သက်သက်နှာဗူးကျနေတာပဲနေမှာ...
ဆူးတစ်ခါတည်းထိအောင်ပြောပစ်လိုက်ဖို့နောက်လှည့်ကြည့်လိုက်သည်ပြောဖို့ပါးစပ်ဟပြီးကာမှချက်ချင်းပြန်ပိတ်လိုက်ရသည် သူကဆူးထင်နေသလိုမဟုတ်ပဲ ပြတင်းတံခါးဖွင့်ထားတဲ့ဘက်ကိုလှမ်းကြည့်နေတာ...တစ်ခုခုတွေးနေပုံပေါက်တာကြောင့်သူအာရုံကကိုယ့်ဆီမရှိမှန်းပိုသေချာသွား၏
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...