အချစ်နှင့်လက်တစ်ကမ်း🌻
🌻🌻🌻
" စည်းကားလိုက်တာကွာ..သရေတောင်ကျလာတယ်.."
" လှရွှေ!!'
မျက်ထောင့်နီနဲ့လှမ်းအော်လိုက်သည့်အသံကြောင့်လှရွှေတိတ်ကျသွား၏
ဟိုဘက်ရွာမှာအလှူကြီးပေးနေတယ်ဆိုလို့သူတို့အုပ်စုလာချောင်းကြည့်ကြတာ။...
ထင်ထားတာထက်ပင်စည်းကာပြီးပျော်စရာကောင်းနေတော့သည်
ပဲကုလားဟင်းနဲ့ သရက်ချဉ်သုတ် ဘဲဥဟင်းရဲ့အစပ်အဟပ်တည့်သည့်အနံ့ကရွာတံတိုင်းကိုကျော်၍ဒီဘက်ပိုင်းထိရောက်လာတော့ဘယ်သူမှစိတ်မထိန်းနိုင်ကြတော့ပေ...
တောင်ပိုင်းသားတွေဆိုတာတံခါးလေးဖွင့်ပေးပါလို့ခွင့်တောင်းပြီးတော့ကို စိုင်းရဲ့အလှူမှာ၀င်စားကြတာ...
စိုင်းကလည်းသူ့ဘက်ကိုယ့်ဘက်မခွဲဘဲအားလုံးကိုဧည့်ခံနေသည်
သူတို့ကသာစားသောက်ပွဲတွေကိုငေးနေတာ
ညွန့်မောင်မျက်လုံးကတော့ဆရာမလေးပန်းနုဆီကမခွာပေ..
" လှလိုက်တာကွာ မူန်ညက်နေတာပဲ..'" မစားရအညှော်ခံပြန်ပြီ.."
" ဟိတ်ကောင်လှရွေ တိတ်တိတ်နေ..'
" ကျစ်..အမေသာလိုက်ကာစီးမနေရင်ခုလောက်ဆိုသူလေးငါ့ရင်ခွင်ထဲရောက်နေပြီ.."
အလှကြီးလှနေသည့်သူမလေးကိုလှမ်းမြင်ရတော့စိတ်ထဲမှာအားမလိုအားမရဖြစ်မိသည်
အမေကသူ့ကိုတစ်လလုံးလုံးလိုက်ချောင်းနေတော့သူထွက်ပေါက်ပိတ်နေတာနဲ့ကြံစည်ထားသမျှပျောက်ပျက်ကုန်တာ..." ငါတို့အစီအစဉ်ဒီညပဲအကောင်အထည်ဖော်မယ်..'
" ဘယ်လိုဖြစ်မှာလဲသူကြီးေလးရယ်..ဒီတံတိုင်းကြီးပိတ်ထားမှာလေ ကျုပ်တို့ဘယ်လို၀င်ကြမှာလဲ..'
" ငါ့မှာအကြံရှိပါတယ် ဒီကိုလာခဲ့..'
သူ့လူတွေကိုခေါ်ပြီးတီးတိုးတီးတိုးကိုပြောပြလ်ုက်သည်
" နည်းနည်းတော့စိုးရိမ်ရတယ်နော်..ကျုပ်ကြောက်တယ်"
" ငါတော့အဲ့လိုပဲလုပ်မှာ..ကြောက်တဲ့ကောင်နေခဲ့.."
" မနေဘူးသူဌေးလေး လိုက်ခဲ့မယ်.."
" ဟွန်း..ငါ့နောက်လိုက်ပီသကြစမ်းပါကွာ..
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Lãng mạn၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...