အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၁၈)🌻🌻🌻
" ဟယ်လို..'
" ဒေါက်တာ..(....)ကိုမြန်မြန်လေးကြွခဲ့ပေးပါခင်ဗျှာ အရေးကြီးလို့ပါ..'ဖုန်းဆက်လိုက်ပြီးသူမဘေးမှာထိုင်၍လက်ဖ၀ါးလေးကိုဆွဲယူပြီးသူ့ပါးမှာကပ်ထားမိသည်
ဘာမှဖြစ်မသွားပါနဲ့ဆူးရယ်
ကိုယ်ရင်ကျိုးရလိမ့်မယ်...
မြန်မြန်နေကောင်းလာပြီးကိုယ့်ကိုမုန်းစမ်းပါ
မျက်လုံးစိမ်းနဲ့ကြည့်ပြီးကိုယ့်ကိုကြိုက်သလောက်ထုရိုက်ပါကိုယ်ခံယူပါ့မယ်...
ပူပြင်းနေတဲ့ရင်ဘတ်ကိုဘေးချိတ်၍သူမဆံပင်တွေကိုသက်တင်ပြီးနဖူးပြင်လေးကိုနမ်းမိသည်
ခြောက်သွေ့နေတဲ့နူတ်ခမ်းလေးကိုရေဓာတ်ပေးဖို့တစ်ချက်ငုံထွေးထားလိုက်ပြီးပြန်လွှတ်ပေးလိုက်သည်စိုးရိမ်ကြီးစွာနဲ့ဆရာ၀န်အလာကိုစောင့်မျှော်နေမိသည်
ဆယ်မိနစ်လောက်နေမှဆရာ၀န်ရောက်လာခဲ့သည်" မင်းလက်ကဘာဖြစ်တာလဲ.."
" မတော်တဆရှမိတာပါဆရာ.."
" သေချာသန့်စင်ထားလား ပိုး၀င်နေဦးမယ်.."
" ကျွန်တော်ကအရေးမကြီးပါဘူး ကျွန်တော့်ဇနီးက်ုသာသေချာကြည့်ပေးပါဆရာ.."
" အားပြတ်သွားတာပါ..dripချိတ်မှရမယ်
ဆရာသောက်ဆေးတွေပေးခဲ့မယ် မင်းအတွက်လည်းပေးခဲ့မယ် အနာကဒီအတိုင်းထားရင်ပိုး၀င်ပြီးရောင်လာလိမ့်မယ်"" ဟုတ်ကဲ့ပါဆရာ.."
ဆူးအတွက်dripချိတ်ပေးသွားခဲ့သည် အားနည်းသွားတာမို့လို့အစားအသောက်ဂရုတစိုက်ကျွေးဖို့မှာပြီးဆေးတွေပါပေးသွား၏
သူမအိပ်ပျော်နေတုန်းမှာနိုးလာရင်စားသောက်ဖို့အတွက်အပြေးအလွှားပြင်ဆင်ရသည် သူချက်တာတွေဆိုမကြိုက်ဘူးလို့ပြောထားပေမယ့်သူကိုယ်တိုင်သာချက်ပေးချင်တာကြောင့် youtubeကနေရှာကြည့်၍ချက်ပေးရသည်
နိုးလာလျှင်သူ့အပေါ်မုန်းတီးစွာဆက်ဆံလာမည့်သူမလေးကိုတွေးမိနေလို့လက်တွေလည်းဘယ်နှစ်ခါအပူလောင်ကုန်ပြီလဲမသိ...ချက်ပြုတ်ပြီးတော့ပြန်ထွက်လာတော့ဆူးကငုတ်တုတ်ထိုင်၍လက်ကdripတွေကိုဆွဲဖြုတ်ဖို့လုပ်နေသည်
ကြက်ပေါင်းပန်းကန်ကိုစားပွဲပေါ်အမြန်တင်၍သူပြေးသွားလိုက်သည်
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romance၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...