အချစ်နှင့်လက်တစ်ကမ်း🌻
အခန်း(၃၂)🌻🌻🌻
" အိုး..မမရယ် လှလိုက်တာ.."
" ဟုတ်လို့လား.."
" တကယ်အပျိူရူံးတာ.."
ဆူးကဒီနေ့မနက်ပိုင်းထုတ်ကုန်အသစ်အတွက်ပွဲရှိတော့သားလေးကိုထမင်းကျွေး၍အမြန်သိပ်လိုက်ပြီးကဗျာကသီပြင်ဆင်လိုက်ရသည်
လက်ရှည်အပါးသားမရမ်းရောင်နုနုအင်္ကျီလေးကခြေသလုံးတစ်၀က်ထိရှည်ပြီးဆွဲသားလိုင်းလေးတွေကခါးကနေအောက်ခြေအထိအတွန့်လေးတွေနဲ့မို့မယဉ်မရိုင်းလေးပင်...
ဆံပင်မထုံးချင်တော့လို့ ဖြန့်ချပြီးနားထင်တစ်ဖတ်တည်းကိုစိန်ကလစ်အသစ်လေးတွေတစ်တန်းတည်းနဲ့သိမ်းကပ်ပြီးပန်ထားလိုက်သည်
မျက်နှာကိုသေချာပြင်ဆင်ဖို့လည်းအချိန်မရတော့လို့သဘာ၀ဆန်ဆန်အရောင်နုပဲခပ်သွက်သွက်ပြင်ပြီးloose powderလေးအုပ်၍မျက်နှာလင်းအောင်အုတ်ကျိုးရောင်နူတ်ခမ်းဆိုးဆေးလေးဆိုးလိုက်ပြီးရေမွေးနှစ်ချက်လောက်ဆွတ်၍အမြန်ထွက်လာခဲ့ရတာ.." သဘာ၀ဆန်ပြီးတည်ငြိမ်နေတာပဲ..လှတယ်တကယ်ပြောတာ.."
" ပြန်လာမှအေးဖြူကိုမုန့်ဝယ်ကျွေးမယ်..နင့်တူလေးအိပ်ပျော်နေတယ် ကြည့်ထားဦးနော်"
" စိတ်ချပါမမဆူး..ဟို မမဆူး တစ်ယောက်တည်းကားမောင်းသွားလို့ဖြစ်ပါ့မလား.."
" ဖြစ်ပါတယ် ငါမောင်းနေကြပါ.."
" အေးဖြူကစိတ်ပူလို့ပါ..ဒီလိုလှလှလေးဖြစ်နေတဲ့အချိန်ကိုကြီးသာပါရင်.."
" အမလေး တော်ပါတော့.."
မမကလက်ပွေ့အိတ်အနက်လေးကိုယူလိုက်ပြီးအသားရောင်လေဒီရူးဖိနပ်လေးကိုခပ်သွက်သွက်စီးလိုက်သည်
" ငါသွားပြီအေးဖြူ..ခြံတံခါးတွေလုံအောင်ပိတ်နော်.."
" ဟုတ်ကဲ့မမ.."
မမထွက်သွားပြီးဆယ်မိနစ်လောက်နေမှမီးဖိုချောင်ကိုသိမ်းဆည်းရှင်းလင်းပြီးအေးဖြူခြံတံခါးပိတ်ဖို့ထွက်လာတော့ကိုကြီးက၀င်လာသည်
" ကိုကြီးကအလုပ်ကပြန်လာတာလား..'
" ဘယ်ကသာ..ငါ့ဖုန်းကျန်ခဲ့လို့ပြန်ယူတာ.."
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်း💗(Complete)
Romantik၀င်ကစွပ်ပုံပြင်ရဲ့အဆက်ဖြစ်တဲ့fictionလေးပါ ပြီးခဲ့တဲ့fictionရဲ့ဇာတ်သိမ်းပိုင်းမှာခြေရာဖျောက်ပြီးထွက်သွားခဲ့တဲ့ဆူးကနာမည်ပြောင်းပြီးစိုင်းရဲ့ရွာလေးမှာဆရာမလေးအဖြစ်ရပ်တည်နေခဲ့ပါတယ် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရွာသူကြီးစိုင်းရဲ့ဇနီးအဖြစ်ဟန်ဆောင်နေခဲ့ပေမယ...