~ကြေးစား~Part-29
ပုံမှန်ထက်ပျော်ရွှင်မိသောခြေလှမ်းတို့ဖြင့်ကလေးငယ်ထံလာခဲ့သည်။
ကလေးငယ်နဲ့ဝေယံမောင်နှမ မတော်ဘူးဆိုတာသိရတော့ စိတ်ထဲသက်တောင့်သက်သာရှိရသည်။
ဝေယံ့ဘက်က စေ့စပ်ပွဲဖျက်လိုက်တာကိုတော့ စိတ်မကောင်း။
သို့ပေမဲ့ ကလေးငယ်ကိုထပ်ပြီး တခြားရင်ခွင်စီပေးဖို့အထိလဲ ထစ်ချုန်းသတ္တိမရှိတော့။ကလေးငယ်ကိုချစ်တဲ့အချစ်တစ်ခုထဲနဲ့ပဲ
မရေရာနဲ့အနာဂတ်ကို ကြိုးစားပြီးပုံဖော်ကြည့်ချင်သည်။"ထစ်ချုန်း လာပြီလား"
"ဟုတ်ကဲ့ ဦးတိမ်ညို"
"ငါမင်းအပေါ်ဘာအမှားရှိခဲ့လဲမသိပေမဲ့
ငါတောင်းပန်ပါတယ် သမီးလေးကိုတော့ ပစ်မထားစေချင်ဘူး မင်းဒီကိုမလာတဲ့နေ့ကတည်းက
ထမင်းလဲမစားဘူး""ကျတော်အထင်မှားမိသွားတာပါဦးတိမ်ညို
အခုစိတ်ချပါ ဘာမှမဖြစ်တော့ပါဘူး""မနက်က ဝေယံကြယ်ဟိန်းလာသွားတယ်"
"ဗျာ"
"သမီးနဲ့စကားပြောပြီး ပြန်သွားတယ်
မင်းကိုတော့ တွေ့ချင်ပုံမရဘူး""နောက်မှကျနော်သူတို့စီသွားလိုက်တော့မယ်"
"ငါ့အထင် သူတို့သိနေမယ်ထင်တယ်
သမီးငွေဇင်ဆုံးတဲ့ကိစ္စ မင်းဘယ်လိုလုပ်မှာလဲ""စောင့်ကြည့်ချင်သေးတယ်"
"သူတို့ကဖြောင့်မှန်ပြီး အလင်းဘက်ကလူတွေ
ငါတို့ကအပြစ်ရှိပြီး အမှောင်ကမ္ဘာထဲကလူ
ဘယ်လိုဖြစ်မလဲဆိုတာ ငါတကယ်သိချင်တယ်ထစ်ချုန်း""စိတ်မပူပါနဲ့ တစ်ခုခုဖြစ်လာရင်တောင်
ကျနော်တစ်ယောက်ထဲပဲရင်ဆိုင်မှာမို့လို့
ကလေးငယ်ကိုမထိခိုက်စေရဘူး""ငါယုံပါတယ် ထစ်ချုန်း"
"ကျနော် ကလေးငယ်ကိုထမင်းသွားကျွေးလိုက်မယ် ကျောင်းကိစ္စရော"
"အမေရိကားကိုပြောင်းဖို့စီစဉ်ထားတယ်
ဒီရက်ပိုင်းငါစိတ်တွေလေးနေတယ် တော်ဝင်တို့ဘက်ကလဲ မကြာခဏပြသနာရှာနေကြတယ်"