"လူတွေ"
မင်းသားလေးက ပြောတယ်။
"သူတို့ အမြန်ရထားနဲ့သာ ခရီးသွားနေကြတာ။ သူတို့ ဘာကို ရှာနေကြမှန်း သူတို့မသိကြဘူး။ သူ့တို့ အလျင်လိုနေကြပြီး လှုပ်လှုပ်ရှားရှားနဲ့ပဲ ချာချာတွေလည်နေကြတယ်။"ပြီးတော့ ဆက်ပြောသေးတယ်။
"အဲ့လို ဒုက္ခရှာကြတာ မတန်ဘူး"ကျနော်တို့်လာခဲ့တဲ့ ရေတွင်းက ဆာဟာရသဲကန္တာရတွေထဲက ရေတွင်းတွေနဲ့ မတူဘူး။ ဆာဟာရထဲက ရေတွင်းတွေက သဲထဲမှာ တူးထားကြတာ။ ဒီတစ်ခုက ရွာတစ်ခုထဲက ရေတွင်းလိုပဲ။ ဒါပေမယ့် ဒီမှာ ရွာမရှိခဲ့ဘူး။ ကျနော် အိမ်မက်မက်နေတယ်လို့ထင်မိတယ်။
"ထူးဆန်းတယ်။"ကျနော် မင်းသားလေးကိုပြောလိုက်တယ်။ " စက်သီးရော၊ ရေပုံးရော၊ ကြိုးရော၊ အားလုံးက သုံးဖို့အသင့်..."။သူက ရယ်ပြီး ကြိုးကိုကိုင်လိုက်ပြီး စက်သီးကို ငင်စပြုတယ်။ ထို့နောက် လေမလာတာကြာလို့ အသံမြည်နေတဲ့ လေညွှန်တံကြီးတစ်ခုလို ရေတွင်းဆွဲသီးကနေ ညည်းသံကြီးတစ်ခု ထွက်လာတယ်။
"ခင်ဗျား ကြားလား?" မင်သားလေးက ပြောတယ်။ "ကျနော်တို့ ရေတွင်းကို နှိုးလိုက်ပြီ၊ အခု သူ သီချင်းဆိုနေပြီ။"
သူ့ကို ကြိုးဆွဲရင်း မပင်ပန်းစေလိုချင်ဘူး။
"ငါ့ကို ပေးပါ" ကျနော် ပြောလိုက်တယ်။ "အဲ့တာက မင်းအတွက်လေးလွန်းတယ်။"ကျနော် ရေပုံးကို ဖြေးညင်းစွာဆွဲယူပြီး ရေတွင်းဘောင်ပေါ်ကို တင်လိုက်တယ်။ အဲ့တာလုပ်ပြီးတော့ ကျနော် မောလည်းမော ပျော်လည်းပျော်သွားခဲ့တယ်။ စက်သီးရဲ့ တေးသံက ကျနော့်နားထဲမှာ စွဲနေတုန်းပဲ။ လှုပ်ရှားနေဆဲ ရေပြင်ပေါ်က နေရောင် တလှပ်လှပ်ဖြစ်နေတာကိုလည်း ကျနော် မြင်ရတယ်။
BẠN ĐANG ĐỌC
The Little Prince (မြန်မာလို)
Cổ điểnThe little prince ဆိုတဲ့ ဒီစာအုပ်ကို ပြင်သစ် စာရေးဆရာ Antoine de Saint-Exupéryက ပြင်သစ်ဘာသာနဲ့ ရေးသားခဲ့တယ်။ ကမ္ဘာဂန္တာဝင် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာဆို စတုတ္ထအများဆုံး ဘာသာပြန်ခြင်းခံရတဲ့ ဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။ The little prince ဆိုတဲ့ ဒ...