အခန်း (၂၇)

2.3K 140 0
                                    

အခု​ ၆နှစ်​မျှ ကြာမြင့်​ခဲ့ပြီ...

ကျ​နော်​ ဒီဇာတ်​လမ်းကို တခာမှ မ​ပြောခဲ့ဖူးပာဘူး။ ကျ​နော့်​ရဲ့ မိတ်​​ဆွေ​တွေက ကျ​နော်​ အသက်​ရှင်​​လျက်​ ပြန်​​ရောက်​လာကြလို့ ဝမ်းသာကြတယ်​။ ကျ​နော်​က​တော့ ဝမ်းနည်းခဲ့တယ်​။ ဒါ​ပေမယ့်​ သူတို့ကိုတော့ "ငါ ​ပင်ပန်း​​​နေလို့ပာ​"လို့ပဲ​ပြောခဲ့တယ်​။

အခု​​တော့ ကျ​နော့်​ရဲ့ ဝမ်းနည်းမှုက နည်းနည်းသက်​သာလာခဲ့ပြီ။ ဒါ​ပေမယ့်​ လုံးလုံးကြီး​သက်သာတာတော့ မဟုတ်​ဘူးလို့ ​ပြောရမယ်။ နေဝင်မိုးသောက်ချိန်​တွေမှာ သူရဲ့ခန္တာကိုယ်လေးကို မ​တွေ့​ရတော့တာ​ကြောင့်​ပဲ ဂြိုလ်​ငယ်​​လေးဆီကို ပြန်​သွားခဲ့ပြီဆိုတာကို ကျ​နော်​သိထားခဲ့ရတယ်​။ သူ့ရဲ့ခန္တာကိုယ်​က သိပ်​ကို ​လေးတာ​တော့မဟုတ်​ဘူး။ ပြီး​တော့ ညဘက်​​တွေမှာ ကျ​နော်​ ကြယ်​​တွေဆီအသံကို နား​ထောင်​ရတာ နှစ်​သက်​တယ်​။ အဲ့တာက သန်းငါး​ထောင်​​သော ​ခေါင်း​လောင်း​လေး​တွေလိုပဲ....

ဒါ​ပေမယ့်​ ထူးတာဆိုလို့ တစ်​ခုပဲရှိတယ်​။ မင်းသားလေးဖို့ သိုး​လေးအတွက်​ နှုတ်​စွပ်​ပုံဆွဲ​ပေးတုန်းက သား​ရေကြိုးတပ်​ဖို့ ​မေ့သွားခဲ့တယ်​။ သိုး​လေးကို သူ ဘယ်​​တော့မှ ချည်​လို့ရ​တော့မှာ မဟုတ်​ဘူး။ အခု​တော့ သူ့ရဲ့ဂြိုလ်​ငယ်​​ပေါ်မှာ ဘာ​တွေဖြစ်​​နေမလဲလို့ ကျနော် သိချင်​စိတ်​ဖြစ်​​နေမိပြန်တယ်​။ သိုးက​လေးက ပန်းပွင့်​​လေးကို စားများ စားလိုက်​ပြီလား....

တစ်​ကြိမ်​မှာ​တော့ ကျ​နော့်ကိုယ် ကျနော် ပြန်ပြောမိတယ်။
"မစား​လောက်​ပါဘူး။ မင်းသား​လေးက သူ့နှင်းဆီပန်း​လေးကို ညတိုင်း ​ဖန်​​ပေါင်း​ချောင်​ထဲ ထည့်​ထားမှာ။ ပြီးေ​တာ့ သိုးက​လေးကိုလည်း ဂရုတစိုက်​ လိုက်​ကြည့်​​နေမှာပာ။"
အဲ့​နောက်​​တော့ ကျ​နော်​​ပျော်​သွားတယ်​။ ကြယ်​​တွေအားလုံးရဲ့ ရယ်​သံမှာ ချိုသာမှု​တွေရှိလာတယ်​။

ဒါ​ပေမယ့်​ ​နောက်​တစ်​ကြိမ်​မှာ ကိုယ့်​ကို​ကိုယ်​​ပြောတယ်​။ "တစ်​ခါတ​လေမှာ လူ​တွေက အမှုမဲ့အမှတ်​မဲ့ဖြစ်​တက်​တယ်​။ ပြီး​တော့ အဲ့တာက လုံ​လောက်​တယ်​လေ။ တစ်​ခုသော ည​နေခင်းမှာ ဖန်​​ပေါင်း​ချောင်​ကို ​မေ့သွားတာဖြစ်ဖြစ် ညဘက်​မှာ သိုးက​လေးက ဘာအသံမှမပြုပဲ ထွက်​လာတာမျိုးဖြစ်ဖြစ် ဆိုရင်​..."
အဲ့ဒီ​နောက်​ ​ခေါင်း​လောင်းငယ်​​လေး​တွေက မျက်​ရည်​များ..အဖြစ်​​ပြောင်းသွားတယ်​​။

အခု​တော့ ဒါဟာ တကယ့်​ကို လျို့ဝှက်​ဆန်းကြယ်​ပဲ။ဘယ်နေရာမှန်း မသိတဲ့ ​နေရာတစ်​ခုမှာ တို့တခာမှမမြင်​ဖူးခဲ့တဲ့ သိုးက​လေးက နှင်းဆီပွင့်​​လေးကို စား--မစားကိစ္စက မင်းသားေ​လးကို ချစ်​တဲ့ခင်ဗျားတို့တွေနဲ့ ကျ​နော့်​အတွက်​​တော့ စကြဝဠာထဲတစ်ခုလုံးမှာ ဘယ်နဲ့မှ တူမှာမဟုတ်ဘူး။

ကောင်းကင်​ကို ​မော့ကြည့်​ပြီး သင့်​ကိုသင်​​မေးကြည့်​ပါ။ သိုးက​လေးက ပန်း​လေးကို စားမလား မစားဘူးလားဆိုတာ။ အဲ့ဒီ​နောက်​ အရာအားလုံး​ပြောင်းလဲသွားတာကို မင်း​တွေ့ရလိမ့်​မယ်​။

အဲ့တာ သိပ်​ကို အ​ရေးပါတဲ့ ကိစ္စတစ်​ခုဖြစ်​​ကြောင်း ဘယ်​လူကြီးမှ သိနိုင်​မှာမဟုတ်​ဘူး။

ဒီပုံဟာ ကျ​နော့်​အတွက်​​တော့ ချစ်​နှစ်​သက်​ဖွယ်​အ​ကောင်းဆုံးနဲ့ ဝမ်းနည်းဖွယ်​အ​ကောင်းဆုံး ရှု​မျှော်​ခင်းတစ်​ခုပဲ။ အဲ့တာက ​ရှေ့စာတစ်​မျက်​နှာက ပုံနဲ့တူတူပဲဖြစ်​တယ်​။ ဒါ​ပေမယ့်​ အဲ့တာကို ခင်ဗျားတို့ရဲ့ မှတ်​ဥာဏ်​​ပေါ်မှာ ​သေချာ ​အရိပ်​ထင်​​​စေဖိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီပုံဟာ ကျ​နော့်​အတွက်​​တော့ ချစ်​နှစ်​သက်​ဖွယ်​အ​ကောင်းဆုံးနဲ့ ဝမ်းနည်းဖွယ်​အ​ကောင်းဆုံး ရှု​မျှော်​ခင်းတစ်​ခုပဲ။ အဲ့တာက ​ရှေ့စာတစ်​မျက်​နှာက ပုံနဲ့တူတူပဲဖြစ်​တယ်​။ ဒါ​ပေမယ့်​ အဲ့တာကို ခင်ဗျားတို့ရဲ့ မှတ်​ဥာဏ်​​ပေါ်မှာ ​သေချာ ​အရိပ်​ထင်​​​စေဖို့​ ထပ်ပြီး ဆွဲထားခြင်းဖြစ်​တယ်​။ ဒီ​နေရာက မင်းသား​လေး ထွက်​​ပေါ်လာ​သောအရပ်​နဲ့ ​ပျောက်​ကွယ်​သွား​သော အရပ်​ပဲ ဖြစ်​တယ်​။

သေ​ချာ ဂရုတစိုက်​ကြည့်​စမ်းပါ။ အဲ့တာမှ တစ်​​နေ့ အာဖရိက သဲကန္တာရကို အလည်​သွားတဲ့အခါမှာ ခင်​​ဗျားတို့ မှတ်​​မိ​စေမှာဖြစ်​တယ်​။ အဲ့ဒီ ​နေရာကွက်​​လေးကို ​ရောက်​တဲ့အခါ ​ကျေးဇူးပြု၍ မြန်​မြန်​ မသွားပါနဲ့။ ကြယ်​ရဲ့​အောက်​ အတိအကျ​ရောက်​မဲ့အချိန်​ကို ​စောင့်​ပါ။ အဲ့ဒီ​နောက်​မှာ ရယ်​​နေတက်​တဲ့ ​ရွှေ​ရောင်​ဆံပင်​ရှိပြီး ​မေးခွန်း​တွေကို ​ဖြေဖို့ ငြင်းဆန်​တက်​တဲ့ လူ​ကလေးကို ​တွေ့ရင်​ သူ ဘယ်​သူလဲဆိုတာ ​ခင်​​ဗျား သိလိမ့်​မယ်​​​။ အဲ့ဒီလိုသာ ဖြစ်​မယ်​ဆို ကျ​နော့်​ကို စိတ်​​ဖြေ​လျော့​ပေးတဲ့အ​နေနဲ့ မင်းသား​လေး ပြန်​​လာ​​ကြောင်းကို စကားပါး​ပေးပါ။

The Little Prince (မြန်မာလို)Where stories live. Discover now