အခန်း (၂၄)

640 100 0
                                    

ကျ​နော့်​ရဲ့ ​လေယာဉ်​ သဲကန္တာရထဲပျက်​ကျပြီးတာ ရှစ်​ရက်​​မြောက်​တဲ့​နေ့မှာ နောက်​ဆုံး​ရေလက်​ကျန်​ကို ​သောက်​ရင်း မင်းသား​လေး​ပြောတဲ့ ​ကုန်​သည်​အ​ကြောင်းကို နား​ထောင်​​ခဲ့တယ်​။

"အင်း" ကျ​နော်​ မင်းသား​လေးကို ​ပြောလိုက်​တယ်​။ "ဒီအမှတ်​တရအ​တွေ့အကြုံ​လေး​တွေက သိပ်​ကို ချစ်​ဖို့​ကောင်းတာပဲ။ ဒါ​ပေမယ့်​ ငါ့ ​လေယာဉ်​ကိုပြင်​လို့ မပြီး​သေးဘူး။ ငါ့မှာ ​သောက်​စရာ ​ရေလဲ မကျန်​​တော့ဘူး။ ငါလဲ အားလပ်​ချိန်​မှာ ​အေးချမ်းတဲ့ စမ်း​ချောင်းရှိရာကို လမ်း​လျှောက်​လို့ရရင်​ သိပ်​​ပျော်​မိမှာပဲ"

"ကျ​နော့်​ရဲ့ မိတ်​​ဆွေ ​မြေ​ခွေး----" မင်းသား​လေးက ကျ​နော့်​ကို ​ပြောတယ်။

"ခင်​ရတဲ့ ငါ့လူ​လေး၊ ဒီကိစ္စက ​မြေ​ခွေးနဲ့ မဆိုင်​​တော့ဘူး​လေ"

"ဘာလို့ မဆိုင်​ရမှာလဲ"

"ဘာလို့လဲဆိုရင်​ ငါက ​ရေငတ်​​သေရ​တော့မှာမို့ပဲ..."

ဒါ​ပေမယ့်​ သူက ကျ​နော်​ အ​ကြောင်းပြတာကို လက်​မခံပဲ ကျ​နော်​ကို​ပြောတယ်​။
"​သေရမယ်​ဆိုရင်​​တောင်​ မိတ်​​ဆွေ​တစ်​ခုရှိတယ်​ဆိုတဲ့ အသိနဲ့ ​သေရတာ ​ကောင်းတာပဲ။ ဥပမာ ကျ​တော်​ဆိုရင်​ ​မြေ​ခွေးနဲ့ မိတ်​​ဆွေဖြစ်​ခဲ့ရတာ သိပ်​ဝမ်းသာတာပဲ။"

"သူက အန္တာရယ်​ဆိုတာကို ဘာမှန်း မ​တွေးတက်ရှာဘူး။" ကျ​နော်​ကိုယ်​ကျ​​နော်​ ​ပြောမိတယ်​။ "သူ တခါမှ အစာ မငတ်​ဖူးဘူး။ ​ရေမဆာခဲ့ဖူးဘူး။ သူအတွက်​ ​နေ​ရောင်​ခြည်​​လေးတစ်​ခုရရင်​ လုံ​လောက်​​နေပြီကို"
ဒာ​ပေမယ့်​ မင်းသား​လေးက ကျ​နော်​ကို့ ​စေ့​စေ့ကြည့်​ပြီး ကျ​နော့်​အ​တွေးကို ဖြတ်​​ပြောတယ်​​။

"ကျ​နော်​လဲ ​ရေငတ်​ပါတယ်​။ ကျ​နော်​တို့ ​ရေတွင်းလိုက်​ရှာရ​အောင်​..."

ကျ​နော်​ စိတ်​အား​လျော့တဲ့ အမူအရာ သူ့ကိုပြလိုက်​တယ်​။ ကြီးမားလှတဲ့ သဲကန္တာရထဲမှာ ​ရေတွင်း တစ်​တွင်းကို ရှာဖို့က အဓိပ္ပါယ်​မဲ့တယ်​။ ဒါ​ပေမယ့်​ ကျ​နော်​ လမ်းစ​လျှောက်​ကြတယ်​။ ကျ​နော်​တို့ တိတ်​ဆိတ်​စွာ လမ်းအကြာကြီး​လျှောက်​ခဲ့ပြီး​နောက်​ အ​မှောင်​ထုကျလာပြီး ကြယ်​​​လေး​တွေ ထွက်​စပြု​နေပြီ။ ​ရေငတ်​ခြင်းက ကျ​နော့်​ကို မအီမသာဖြစ်​​စေပြီး ကျ​နော်​ ကြယ်​​တွေကို ကြည့်​ပြီး အိမ်​မက်​တစ်​ခုလို့ ထင်​မှတ်​မိတယ်​။ မင်းသား​လေး ​နောက်​ဆုံး​ပြောခဲ့တာ​တွေက ကျ​နော့်​အ​တွေးထဲ ဝင်​​ရောက်​လာတယ်​​။

The Little Prince (မြန်မာလို)حيث تعيش القصص. اكتشف الآن