👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၁)
""တစ်စုံတစ်ယောက်ကိုချစ်မိတာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာနဲ့အတူတူပဲ...""
"အဂ္ဂါဦးသျှောင်"
~~~~~~~~~~~~~~~~~~~~~~~~~~~~
နယ်မြို့လေးတစ်မြို့၏ လူစည်ကားသောပျံကျစျေးဝယ် နံနက်ခင်းဖြစ်သဖြင့် စျေးသည်များ၊စျေးဝယ်သူများနှင့်ကြက်ပျံမကျ စည်ကားနေသည်။ထိုစဥ် မှန်အလုံချထားသည့်အနက်ရောင်ကားတစ်စီးသည် လျင်မြန်သောအရှိန်နှင့် လမ်းမကြီးအတိုင်း စျေးဘက်သို့မောင်းလာနေသည်။အရှိန်နှင့်ပြေးလာသောကားသည် စျေးထိပ်သုံးခွဆုံသည့်လမ်းသွယ်တွင် တုံ့ခနဲရပ်သွား၏။
ဖွံ့ဖြိုးမှုနည်းသည့် နယ်မြို့လေး၏သာမန်စျေးလေးမှာ ဇိမ်ခံကားအကောင်းစားကြီးထိုးရပ်လာသဖြင့် စျေးဝယ်သူများနှင့်စျေးရောင်းသူများပါမကျန် အားလုံးစိတ်ဝင်တစားနှင့် ငေးမောကြည့်နေကြသည်။လူ့သဘာဝအရ အမှတ်တမဲ့ကြည့်ရာကနေ ကားတံခါးဖွင့်ဆင်းလာသူတွေကြောင့် စိတ်ဝင်တစားမျက်လုံးတွေ ချက်ချင်းပြောင်းလဲကုန်ကြ၏။
တစ်ကိုယ်လုံးစိန်တွေညွှတ်နေအောင်ဝတ်ထားသည့် အမျိုးသမီးနှစ်ယောက်သည် ကားတံခါးတစ်ဖက်ဆီမှဆင်းလာပြီး ကားခေါင်းကိုဆုံမှတ်တစ်ခုအဖြစ်ထားကာ စျေးထဲဝင်သည့် အုတ်လမ်းအတိုင်းသွက်လက်မြန်ဆန်သောခြေလှမ်းများနှင့်လျှောက်ဝင်လာလေသည်။အသက်အရွယ်ကိုခန့်မှန်းရခက်အောင် နုပျိုသောထည်ဝါခြင်းတို့နှင့်မျက်နှာချောချောတွေမှာ တင်းမာခက်ထန်ခြင်းတို့က အထင်းသားနှင့်။
အုတ်လမ်းလေးတစ်လျှောက်စျေးသည်ပေါင်းများစွာ စျေးဝယ်သူများစွာ၏မျက်လုံးများကို ဂရုစိုက်ဟန်နည်းနည်းလေးတောင်မရှိဘဲ သူမတို့သွားလိုသည့်နေရာကိုသာ မပြေးရုံတမယ်လှမ်းသွားနေကြသည်။အုတ်လမ်းလေး၏တစ်ဝက် ငါးစိမ်းတန်းဘက်ချိုးခါနီးအကွေ့ရှိ မုန့်ဟင်းခါးဆိုင်လေးရှေ့အရောက်တွင်တော့..၊
"သန်းကျော်ဌေး!!..."
"ဟင်!.."
"မမ...မမကြီး!..."
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...