Part-22

89 2 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

           အပိုင်း(၂၂)

ကားလေးက တစ်ရိပ်ရိပ်ပြေးလွှားနေသည်။ ကားပေါ်မှာ လူသားနှစ်ဦးတည်းရှိသော်လည်း တိတ်ဆိတ်လျက်။ ဦးသျှောင် ကားမောင်းနေရင်း မာနခေါင်ဖျားမျက်နှာလေးကို တစ်ချက်တစ်ချက်ငဲ့ကြည့်နေမိသည်။ အခါတိုင်းဆို သူ့ကားမောင်းနေတဲ့အချိန် လက်မောင်းကိုဆွဲလွဲဖက်ထားတာမျိုးဖြစ်စေ၊ပခုံးပေါ်နွဲ့နွဲ့လေးမှီပြီး ချစ်စဖွယ်စကားလေးတွေကို တီတီတာတာပြောနေတတ်တဲ့ ကောင်မလေး။ ခုတော့ ကျောက်ရုပ်လေးတစ်ရုပ်လိုတွေတွေငေးငေးလေးထိုင်နေပုံက စိတ်နှင့်ကိုယ်မကပ်တာ သိသာနေသည်။

မာနခေါင်ဖျားက ငေးနေရင်းဖျတ်ခနဲမော့ကြည့်တော့ မှန်ထဲကနေကြည့်နေသည့် သူနှင့်အကြည့်ချင်းသွားဆုံ၏။ကြည်လင်နေတတ်သောမျက်လုံးတောက်တောက်လေးတွေမှာ ညှိုးနွမ်းရိပ်လေးတွေမြင်နေရတော့ ဦးသျှောင်မျက်ခုံးတွေစုကျုံ့သွားရသည်။ ထိုအခါ တရိိပ်ရိပ်ပြေးလွှားနေသောကားလေးသည် သခင့်အလိုအတိုင်းအရှိန်လျော့ကျသွားပြီး လမ်းဘေးမှာတုံ့ခနဲကပ်ရပ်သွား၏။

"မင်း ဘာဖြစ်နေတာလဲ.."

ကားရပ်သွားသဖြင့် မာနခေါင်ဖျား သူ့ကိုလှည့်ကြည့်လိုက်မိစဉ် ဦးသျှောင်က တစ်ကိုယ်လုံးဒီဘက်စောင်းလာပြီး မေးသည်။ စိတ်အခန့်မသင့်ဖြစ်နေတာတွေ တင်းမာနေတာတွေမရှိတော့ပေမယ့် အပြုံးအရယ်ကတော့မဲ့နေဆဲပင်။မာနခေါင်ဖျား သူ့မျက်လုံးတွေထဲကိုစိုက်ကြည့်ရင်း အလိုမကျစိတ်၊မနာလိုစိတ်တို့နှင့်ထိထိခိုက်ခိုက်ကိုကြေကွဲနေရလေသည်။သူ့ဘေးနားမှာ ပြုံးရယ်၍လက်မောင်းတစ်ဖက်ကိုပိုင်ပိုင်ဆွဲကိုင်ထားသော ကောင်မလေး၏သွင်ဟန်က မျက်လုံးထဲကမထွက်။ခုထိမြင်ယောင်မိဆဲ..။

ထိုအခါ မာနခေါင်ဖျား မျက်နှာလေးကညှိုးရော်ကာ နွမ်းဖတ်ဖတ်လေးဖြစ်နေသည်။

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

ဦးသျှောင်က မျက်ခုံးတွေတွန့်ကွေးထားတာမဖြေပဲ နဖူးလေးကိုဖျတ်ခနဲလာစမ်းသည်။သူရဲ့လျှပ်တပြက်ကြင်နာသောအပြုအမူမှာ မာနခေါင်ဖျား မျက်ရည်ဝဲမတတ်ကြည်နူးသွားရ၏။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now