Part-28

105 4 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

            အပိုင်း(၂၈)

"ဝေး!...ကျွတ်ပြီ၊လွတ်ပြီကွ"

စာမေးပွဲခန်းထဲကနေ နောက်ဆုံးမှထွက်လာသည့် ဝီရက မေးခွန်းစာရွက်ကို လွှင့်ပစ်ပြီး အော်လာသည်။

"ခွေးကောင် ဖြီးရောဖြီးနိုင်ခဲ့တာသေချာလို့လား၊ထွက်လာတော့ နောက်ဆုံး"

ဝီရထွက်လာတော့ သောက ကစီးပြီးပြော၏။သူတို့သုံးယောက်က စာဖြေချိန်တစ်ဝက်ကတည်းက အခန်းပြင်ထွက်လာခဲ့တာမို့ ဖြေဆိုချိန်နှစ်နာရီမှအခန်းထဲကအော်ပြီးထွက်လာသည့် ဝီရက သူတို့ထက်နောက်ကျနေခဲ့ခြင်းဖြစ်သည်။

"လုပ်မနေနဲ့ သောက၊ ဒီနှစ်ဘွဲ့ယူရမှာတော့ ​အသေအချာပဲ"

"ကဲ!..စာမေးပွဲလည်းပြီးပြီဆိုတော့ တစ်နေရာဒိုးရအောင်"

"အေးပေါ့၊ စာမေးပွဲရက် မှာနေ့မအားညမအားကြိုးစားထားရှာတာဆိုတော့.."

ရှင်းမြတ်က အကြောင်းသိချင်း ကပ်ဖဲ့၏။စာမေးပွဲရက်အတွင်းမှာလည်း လေးယောက်စလုံးတတွဲတွဲနှင့်အသွားအလာမပျက်၊ ဟေးလားဝါးလားလုပ်လို့ကောင်းဆဲ။ဒါကို ရှင်းမြတ်ကအစဖော်တော့ ဝီရက ရှင်းမြတ်လက် မောင်းကို လက်သီးနှင့်လှမ်းထိုးပြီးရယ်မောလျက်..၊

"ဘာလုပ်မှာလဲ၊ အချိန်တန်လို့ ဘွဲ့တစ်ခုရရင်တော်ပြီပေါ့"

"ပြောမယ်သာပြောတာ ခွဲရမယ်ဆိုတော့ ကျောင်းတော်ကြီးနဲ့ကျောင်းသားဘဝကို လွမ်းသား"

သောကက ပေါက်ကရလုပ်တတ်သူပီပီ စပ်ဖြဲဖြဲဆို၏။ဗရုတ်ကျတဲ့နေရာမှာ သူတို့အဖွဲ့ကနာမည်ကြီး။

"ငါတို့ရဲ့ ကျောင်းသားဘဝနောက်ဆုံးအထိမ်းအမှတ်အနေနဲ့ သွားကဲရအောင်၊ ဘယ္လိုလဲ..ဟေ့ကောင်တွေ"

"ကောင်းတယ်၊ ဒီတစ္ညတော့ အိမ်မပြန်ပဲ အပြတ်ကဲပစ်မယ်ကွ"

"မင်းတို့ကသာ သွားဖို့ပြောနေ၊ ဟိုကောင့်ကိုလည်း မေးကြည့်ပါဦး"

နံရံမွာ ခြေတစ်ဖက်ထောက်ကျောကပ်မှီ၍ လက်ပိုက်ကာအေးအေးဆေးဆေးကွမ်းဝါးနေသည့် ဦးသျှောင်ဆီ ရှင်းမြတ်ကမေးငေါ့ပြသည်။ ထိုအခါမှ သူတို့စကားဝိုင်းထဲကနေ သီးသန့်ဖယ်ထွက်နေခဲ့သော ဦးသျှောင်ကို သတိထားမိကုန်ကြကာ..၊

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now