Part-37

129 4 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ👑

          အပိုင်း(၃၇)

"ကျွီ!..ကျွီ!.."

ကားနှစ်စီးရှေ့ဆင့်နောက်ဆင့်ထိုးရပ်လိုက်သဖြင့် ဆိုင်ထဲတွင်မုန့်စားနေသူအားလုံးမျက်လုံးတွေက ထိုကားနှစ်စီးဆီမတိုင်ပင်ဘဲ ပြိုင်တူရောက်သွားသည်။အနက်ရောင်ဖိတ်ဖိတ်တောက်နေသည့် ပထမ
ကားထဲကနေ ဝဝခန့်ခန့်အမျိုးသားကြီးတစ်ယောက်နှင့် အသက်အရွယ်ခန့်မှန်းရခက်အောင် နုပျိုချောမွေ့နေသည့်အမျိုးသမီးကြီးတို့ဆင်းလာ၏။

ဒုတိယကားအနက်ထဲကနေ ပထမဆုံးဆင်းလာသူက အရှေ့ကအမျိုးသမီးနှင့်မျက်နှာပေါက်ခပ်ဆင်ဆင် အမျိုးသမီးပင်။ သူမသည်လည်း ပျော့အိသော မြန်မာဝတ်ဆုံနှင့် နုပျိုနေဆဲဖြစ်၏။သူမနှင့် တစ်ဖက်ဘေးကနေဆင်းလာသည့် အမျိုးသားသည် အနက်ရောင်အနောက်တိုင်းဝတ်ဆုံနှင့် စမတ်မတ်ကျကျ။ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် သွက်လက်ဖျတ်လတ်ကာ လူငယ်တစ်ယောက်လိုလူပျိုနေသည်။နောက်ဆုံးမှ ကားထဲကထွက်လာသူသည် မုန့်ဆိုင်နှင့်အိမ်လေးကိုကြည့်၍ မှင်သက်မိသလို ငြိမ်သက်သွား၏။

အားလုံးက ဒိပ်ဒိပ်ကြဲအသိုင်းအသိုင်းကမို့ အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြခြင်းဖြစ်သည်။ပြီးတော့ ဒီကိုလာသည့်အကြောင်းအရင်းကိုလည်း အရမ်းသိချင်နေတာမို့ စားလက်စမုန့်ပွဲကိုပင်မေ့လျော့နေသူအများသား။

"ဟေ့!...ဒါ အဂ္ဂါဦးသျှောင်တို့အိမ်လား.."

ရှေ့ဆုံးကဝင်လာသည့်အမျိုးသမီးကြီးက အဝတွင်မုန့်စားနေသည့်တစ်ယောက်ကို မေး၏။အသံကအစ အထက်စည်းဆန်လျက် မျက်နှာပြင်တစ်ခုလုံး တင်းမာနေပုံက တစ်ခုခုပေါက်ကွဲတော့မည့်ပုံမျိုး။ဒီအသံ ဒီဟန်ပန်တွေကို ဒေါ်ဗေဒါရီဘယ်တုန်းကမှ မမေ့ခဲ့။သံသရာသည်တစ်ပတ်လည်လာသလား။

မုန့်စားနေသည့်လူအားလုံးအပါအဝင် ဆိုင်လေးအတွင်းကို ဝေ့ကြည့်လိုက်သည့် မျက်လုံးတွေက အထင်သေးစက်ဆုပ်မှုတို့ဖြင့်။ ထို့နောက်တွင် သူမနောက်ကနေ စောစောကအမျိုးသမီးဝင်လာပြီး ..၊

"အဲဒီကောင် ခုဘယ်မှာလဲ၊ ဘယ်သူမှမရှိကြဘူးလား"

"ရှိပါတယ်၊ ကျွန်မ သူ့အမေပါ"

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now