Part-35

67 5 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ👑

              အပိုင်း(၃၅)

ဖရိုဖရဲပြန့်ကျဲနေသည့် ဖိတ်စာတွေက အထပ်လိုက်။ ငွေရောင်တလက်လက်ထနေသည့် ဖိတ်စာတွေက အံ့သြစရာမဟုတ်ပေမယ့် ဖိတ်စာမှာပါသည့် နာမည်တွေက လူကို ထိုင်ရပ်ကနေပြိုလဲလုလု။

"မေမေစံ..."

"ဟုတ်တယ်.."

မျက်စိနှင့်တပ်အပ်မြင်နေပါလျက် မဖြစ်နိုင်ဘူးလို့ထင်နေမိဆဲ။ မဟုတ်ပါစေနဲ့လို့အကြိမ်ကြိမ်ဆုတောင်းနေပေမယ့် ခေါင်းညိတ်အတည်ပြုလိုက်သော မေမေစံအဖြေစကားမှာ အားလုံးအလဲလဲအကွဲကွဲဖြစ်ကုန်၏။

"အားလုံးစီစဥ်ပြီးပြီ၊ နောက်တစ်ပတ်ဆန်းဒေးဖလိုက်နဲ့ထွက်ရမယ်၊ ဝတ်ဆုံတွေလည်း ဟိုမှာအားလုံးအဆင်သင့်ဖြစ်နေပြီ"

"ဘယ်သူက လက်ခံမယ်ပြောလို​့ မေမေစံတို့စီစဥ်နေကြတာလဲ၊ ဒီကိစ္စ သမီးလုံးဝလက်မခံနိုင်ဘူး"

"လက်ခံနိုင်တာ မနိုင်တာ အဓိကမကျဘူး၊ ညည်း သူ့ကိုပဲ လက်ထပ်ရမယ်"

"အဲဒါ မေမေစံတို့ မတရားတာ၊ သမီးချစ်တဲ့သူကလွဲပြီး ဘယ်သူ့မှမယူနိုင်ဘူး၊ သမီးသဘောဆန္ဒမပါဘဲမေမေစံတို့ဆန္ဒတစ်ခုတည်းနဲ့လုပ်တာ လက်မခံနိုင်ဘူး"

"တိတ်စမ်း မီးငယ်၊ ညည်းစကားတွေ နားထောင်လို့ကောင်းနေတယ်ထင်သလား၊ အဲဒါ ညည်းအဒေါ်၊ ညည်းကို မမွေးခဲ့ပေမယ့် ဒါလည်းညည်းအမေပဲ"

"မေမေ!.."

"မိဘကကောင်းတယ်ထင်လို့စီစဥ်တာ ပြာပုံမတိုးချင်နဲ့၊ ခုချက်ချင်း ညည်းမျက်နှာကို ပြင်လိုက်စမ်း..."

ဒေါ်ထက်မြင့်မာန်က မျက်နှာတင်းတင်းနှင့် သမီးဖြစ်သူရှေ့လာရပ်ကာ သံပြတ်နှင့်ပြော၏။တစ်သက်လုံးလေသံမာမာနှင့် မပြောခဲ့ဘူးသည့် မိခင်ကပါ ရာဇသံပေးနေပေမယ့် မာဖျားပုံစံက နည်းနည်းမှကြောက်ရွံ့ငြိမ်သက်သွားခြင်းမရှိခဲ့။

"သမီး ဒီကိစ္စကိုလက်မခံနိုင်ဘူး မေမေ၊ကိုယ်မချစ်တဲ့သူကိုလည်း မယူနိုင်ဘူး"

မျက်နှာချင်းဆိုင်ထရပ်ပြီး သူမပြောလိုက်သည်။ ဒီအတိုင်းခေါင်းငုံ့ငြိမ်သက်မနေနိုင်ပါ။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now