Part-16

90 3 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

          အပိုင်း(၁၆)

"ဒီမှာပဲ ရပ်လိုက်ပါ ကိုရဲ.."

"ဘာဖြစ်လို့လဲ၊ကိုယ်ရောက်အောင်လိုက်ပို့မယ်လေ"

"ရတယ်၊ နီးနီးလေးပဲရှိတော့တာ ကိုယ့်ဘာသာလမ်းလျှောက်သွားလိုက်မယ်"

ရဲတံခွန်က ကားကိုအရှိန်လျှော့ကာ လမ်းဘေးမှာကပ်ရပ်လိုက်သည်။

"ကျေးဇူးပဲ ကိုရဲ၊ သွားပြီ.."

မာနခေါင်ဖျား ကားတံခါးဖွင့်ပြီးဆင်းသည်။ ရဲတံခွန်က တစ်ဖက်တံခါးဖွင့်၍ သူပါဆင်းချလာပြီး...၊

"စာသင်ခန်းဘက်အထိကိုယ်လိုက်ပို့မယ်လေ.."

"ဟင်အင်း...မပို့နဲ့ သူငယ်ချင်းတွေဝိုင်းစနေလိမ့်မယ်"

ရဲတံခွန် မျက်ခုံးကြီးပင့်သွား၏။

"စပါစေပေါ့ကွ၊ မာဖျားသူငယ်ချင်းတွေနဲ့ လိုက်မိတ်ဆတ်မလို့စိတ်ကူးထားတာ"

"ကောင်းတာပေါ့၊ အဲဒီတော့လည်း အစ်ကိုဆိုပြီးမိတ်ဆတ်ပေးလိုက်မှာပေါ့၊ ဘာခက်တာမှတ်လို့.."

"ကြည့်စမ်း.."

ရဲတံခွန်က အိတ်ကိုပခုံးပေါ်တင်ပေးရင်း မချင့်မရဲနှင့် ခေါင်းလေးကိုအုပ်ကိုင်၍ဖွပစ်လိုက်သည်။

"ကိုရဲနော်...သူများအလှပြင်လာတာကို.."

လက်ကို ဖယ်ချပြီးပန်းရောင်စိုစိုလေးလဲ့နေနှင့်နှုတ်ခမ်းလေးစူနေလျှင်..၊

"နှုတ်ခမ်းကြီးစူနေတာ လှလည်းမလှပဲနဲ့ကွာ.."

"ကြည့်!...ကိုရဲနော်.."

မကြိုက်ပါဘူးဆို နှုတ်ခမ်းကိုလာဆွဲလိမ်ကာ တဟားဟားရယ်မောနေသေးသည်။အမြင်ကပ်ကပ်နှင့် ကျောပြင်ကြီးကိုတဘုန်းဘုန်းထုပစ်လိုက်ချင်သော်လည်း ကျောင်းဝန်းထဲမှာမို့ မနည်းထိန်းနေရ၏။

"ကဲပါ...နှုတ်ခမ်းကြီးစူမနေနဲ့တော့၊ ညနေ လာကြိုမယ်"

"အင်း၊ သွားပြီ ကိုရဲ ဘိုင့်ဘိုင်.."

လက်ပြပြီး စာသင်ဆောင်ဘက်လျှောက်လာခဲ့သည်။ရဲတံခွန် ရပ်ကြည့်ကျန်ခဲ့တာသိပေမယ့် လှည့်မကြည့်မိခဲ့ပါ။ခပ်လျော်လျော်ဖြစ်နေသည့်အိတ်ကို ပခုံးပေါ်ဆွဲတင်၍ လေအသုတ်မှာလွင့်ခါသွားသည့်ဆံစတွေကိုသပ်တင်လိုက်မိသည်။ ရင်ထဲမှာ ဘာကိုမှန်းမသိပဲ လန့်နေမိသလိုလို၊ မလုံမလဲနှင့်ပင့်သက်ရှိုက်မိ၏။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now