Part-39

80 4 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

           အပိုင်း(၃၉)

"မာန်!.."

နားထောင်နေတာ အကောင်းမှတ်နေသလားမသိ။ တစ်ခါတစ်လေ သူ နားမလည်နိုင်ဘဲတွေးမိသည်။ မာန်တို့ညီအစ်မတွေ အစွန်းရောက်လွန်းသည်ဟု။ ကြည့်လေ...ပြောနေတဲ့စကားတွေက စည်းလွတ်မနေဘူးလား။ အတ္တတွေက ကိုယ့်သားသမီးကိုတန်ဖိုးမဲ့အောင် လုပ်နေသလား မာန်နားမလည်တော့ဘူးလား။

"ဒီလိုအခြေအနေမျိုးမှာ စကားတွေ ဘောင်မကျော်နဲ့ကွာ၊ကိုရဲ..မင်းလည်းနားလည်နေတာပဲ၊ အချိန်တစ်ခုရောက်ရင် အဖြေတစ်ခုအလိုလိုထွက်လာမှာပါ"

စကားနည်းသည့်ဦးခေါင်ဖျားက ဝင်ပြောလိုက်တာမို့ ရဲတံခွန် မတော်လိုက်ရသည့် ယောက္ခထီးကို အားနာသလိုကြည့်မိကာ..၊

"ကျွန်တော် မာဖျားကို မေတ္တာရှိတယ်ဆိုတာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး အန်ကယ်၊ ဒါပေမယ့်..ကျွန်တော့်မှာ စိတ်ယုတ်စိတ်ညံ့မရှိပါဘူး၊ မာဖျား ဟိုကောင်နဲ့ကွဲကွာလာပါစေတော့ဆိုတာမျိုး ကျွန်တော်ဆုမတောင်းဘူး၊ အဲဒါ သူ့ကိုမြတ်မြတ်နိုးနိုးတန်ဖိုးထားလို့ပဲ အန်ကယ်"

ကိုယ့်သမီးကို ချစ်တာတွေမေတ္တာတွေရွတ်ပြနေတော့ မျက်နှာပူသလိုလို၊ တစ်မျိုးကြီးခံစားရပေမယ့် ကိုယ်တိုင်ကခေတ်နောက်ကျနေသည့်ဖခင်တစ်ယောက်မဟုတ်တော့ မတုန်မလှုပ်နားထောင်နိုင်ခဲ့၏။ကိုယ့်မျက်စိရှေ့တင်အရွယ်ရောက်လာသည့် ဒီကောင်လေး တော်တာသိသည်။အရည်အချင်းက သဘောကျလောက်စရာ။ဒါပေမယ့် သမီးကိုယ်တိုင်က မလိုလားတာ အတင်းအဓမ္မကြီးမလုပ်ချင်တာ သမီးရင်ထဲ တစ်သက်လုံးအနာတရဖြစ်သွားမှာကို မလိုချင်လို့။ဒါတွေကို မာန်တို့ညီအစ်မက နားမလည်။

"အဲဒါတွေကို အဲဒီအမိုက်မနားမလည်ဘူး ကိုရဲ.."

"အန်တီစံ.."

"မမ.."

အပြင်သွားတော့မလို ဝတ်ကောင်းစားလှတွေနှင့်ပြင်ဆင်ထွက်လာသည့် ဒေါ်ထက်မြင့်စံက ပန်းရောင်လက်နေသည့်နှုတ်ခမ်းတွေကို ခပ်မဲ့မဲ့လုပ်ပြီး လွတ်နေသည့်တစ်ဖက်ဆိုဖာမှာဝင်ထိုင်သည်။သူ ရောက်လာသည်နှင့် ဦးခေါင်ဖျားက စောစောကချထားသည့်သတင်းစာကို ဆွဲယူထရပ်ကာ..၊

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now