👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၁၇)
"ဘယ်လို..ဘယ်လို နင်တို့ချစ်သူတွေဖြစ်သွားကြပြီ ဟုတ်လား၊ နေစမ်းပါဦး...ငါ နားကြားလွဲနေတာတော့ မဟုတ်ပါဘူးနော်"
"မမှားပါဘူး၊ ငါ သူ့ကိုချစ်တယ်၊ သူကလည်း ငါ့ကိုချစ်တယ်၊ ခု ငါတို့ချစ်သူတွေဖြစ်သွားပြီ အထက်"
"ဟယ်..မာဖျားရယ်၊ မြန်လိုက်တာ၊ နင် သူ့အကြောင်း ဘယ်လောက်သိလို့လဲ၊ ရုပ်လေးပဲပြစရာရှိတဲ့ဟာ... နင် ဒီလောက်မြန်မြန်ဆန်ဆန်ကြီးပစ်ကြွေရသလား၊ နင့်ကိုအရင်က အဲလောက်လွယ်တဲ့သူလို့ မထင်ခဲ့ဘူး"
"တကယ်ချစ်မိတဲ့အခါ နှလုံးသားရဲ့အလိုဆန္ဒအတိုင်းလိုက်လုပ်မိတာ လွယ်တယ်လို့တော့ မထင်ဘူး၊ ချစ်မိလို့ချစ်လိုက်တာ အပြစ်တစ်ခုကျူးလွန်လိုက်တာတော့ မဟုတ်ပါဘူး"
"ဘုရားရေ!...ဒီစကားတွေပြောနေတာ မာဖျားမှဟုတ်ရဲ့လား"
မာနခေါင်ဖျား ရယ်မောလိုက်ရင်းမွေ့ရာပေါ်ဝမ်းလျားမှောက်နေရာမှ ကိုယ်ကိုတစ်ပတ်လှိမ့်ပစ်လိုက်သည်။ နိုင်ငံခြားဖြစ်မီးဆိုင်းကြီးအလှဆင်ထားသည့်မျက်နှာကျက်ကို ဒီနေ့ကြည့်ရတာပိုပြီးလှနေသလိုလို..။
"မာဖျား... နင်အမေနဲ့အဒေါ်အကြောင်းလည်းသိရဲ့နဲ့ဟယ်၊နင်တို့မိသားစုဂုဏ်သိက္ခာအသိုင်းအဝိုင်းနဲ့ တော်ရုံလူကို ရွေးချယ်လို့မရဘူးလေ၊ အဂ္ဂါဦးသျှောင်ကို နင်မျက်စိစုံမှတ်ချစ်ပစ်လိုက်တာ မိုက်မဲလွန်းတယ်၊ တကယ်ဆို နင်တို့မိသားစုနဲ့အံဝင်ဂွင်ကျဖြစ်မဲ့ နင့်မိဘတွေလက်ခံနိုင်လောက်တဲ့ ရှိန်းလိုလူမျိုးကိုပဲ နင်ရွေးချယ်သင့်တာ.."
ဝက်ဝံရုပ်ကြီးကို ရင်ဘတ်ပေါ်ဆွဲတင်ဖက်ထားရင်း ထပ်ပြုံးမိပြန်သည်။သူတို့ကိုအသိမပေးမတိုင်ပင်ပဲ အဖြေပေးလိုက်တာကို အတော်လေးမကျေမချမ်းဖြစ်နေပုံပင်။ တိုင်ပင်လည်း တားဆီးမှာပဲမဟုတ်လား။ အဲဒါကြောင့် ဘယ်သူ့မှမတိုင်ပင်ပဲ အဖြေအမြန်ပေးပစ်ချင်တာ။ ခုတော့ သူတို့ဘာမှမတတ်နိုင်တော့ပါ။
"အချစ်ကိုစျေးတွက်တွက်လို့မှမရတာ အထက်ရယ်၊ ငါ သူ့ကိုချစ်တယ်၊ ငါတို့တစ်ယောက်ကိုတစ်ယောက်ချစ်နေဖို့ပဲ အရေးအကြီးဆုံး၊ကျန်တာတွေက နားလည်မှုနဲ့ညှိယူလိုက်ရင် အဆင်ပြေသွားမှာပါ.."
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...