👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၂)
""မထင်မှတ်ဘဲဝင်ရောက်လာတဲ့ ထိုနတ်ဆိုး..ခြေသံတိုးတိုးနဲ့၊ အမုန်းတံခါးခေါက်တော့ ထွက်လာတာ ရင်ခုန်သံစဥ်တဲ့...""
..............................................................................
"ကျစ်!..."
စိတ်မရှည်သလိုဖြစ်လာသဖြင့် စုပ်သပ်လိုက်မိသည်။"တစိတ်လွန်ပြီ.." ၊နာမည်ခေါ်ပြီး အမှတ်တမဲ့လူမှားဆွဲလိုက်တာပေမယ့် လက်မကစပြီးလက်သန်းလေးအထိလက်ငါးချောင်းစလုံးမောင်းကွင်းလေးတွေဝတ်ထားသည့် ပြည့်ဖောင်းသွယ်လျသောလက်တစ်ဖက်က သူ့လက်ကိုဆွဲထားဆဲပင်။
သူမျက်လွှာပင့်ကြည့်လိုက်တော့ ကိုယ့်လိုပဲ ဖျတ်ခနဲမျက်လွှာပင့်ကြည့်လာသောမျက်နှာလေးတစ်ခုနှင့်ဆုံမိလိုက်သည်။မည်းနက်ကော့ပျံနေသောမျက်တောင်ရှည်များပတ်ရံနေသောမျက်အိမ်နက်နက်နှင့်မျက်လုံးများက ပြူးကျယ်ဝိုင်းစက်နေသည်။ပန်းသွေးရောင်စိုလဲ့နေသည့်နှုတ်ခမ်းပါးလေးက နှင်းဆီငုံလေးလိုတအံ့တသြပွင့်ဟသွားပြီး တော်တော်နှင့်စေ့ပိတ်မသွားခဲ့ပေ။
တော်တော်လှတဲ့ကောင်မလေးဟု အမှတ်မဲ့ကြည့်ရင်းမှတ်ချက်ချမိ၏။သို့သော် ထိုအလှအပအားလုံးသည် ကိုယ်နှင့်မသက်ဆိုင်သောရပ်ဝန်းမို့ ထိုမျက်နှာလေးထက်ကနေ ပိုင်စိုးပိုင်နင်းဆွဲကိုင်ထားသည့်လက်လေးဆီ အကြည့်တွေရောက်သွားကာ...၊
"အို!..ဘယ်လိုလုပ်လိုက်တာလဲ"
လက်ကိုဆွဲဖယ်ပစ်လိုက်သဖြင့် ကောင်မလေးဆီက စွာတာတာအသံလေးထွက်လာသည်။မတတ်နိုင်..ဒီလိုမှမလုပ်ရင် သူမကတော်တော်နဲ့လွှတ်မှာမဟုတ်။
"လူမှားဆွဲမိတာများ ကြီးကြီးကျယ်ကျယ်လုပ်လို့..."
"ဘာ!.."
ဖောင်ထုတ်သည့်ကောင်တာဆီတိုးသွားတော့ ထိုစွာတာတာကောင်မလေးနှင့်ဘေးချင်းယှဥ်ရပ်ဖြစ်သွား၏။သူလှည့်ကြည့်လိုက်တော့ ဖူးအိနေသောမျက်နှာလေးက ပန်းသွေးရောင်နှုတ်ခမ်းတွေကို အကျည်းတန်အောင်မဲ့ရွဲ့ပစ်ကာ...၊
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...