Part-25

110 4 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ👑

             အပိုင်း(၂၅)

"ဂါ!.."

သူဆိုတာ သေချာပြီးသည့်နောက် မှာ မာနခေါင်ဖျား အောက်ထပ်ကိုခဏချင်းရောက်သွားရသည်။ ဘယ်သူ့မှ မသိအောင်တိုးတိုးတိတ်တိတ်လှုပ်ရှားရသမျှထဲမှာ ဒီတစ်ခါရင်အဖိုဆုံး၊ရင်ခုန်သံအမြန်ဆုံး။ ခြံတံခါးသော့ယူပြီး တံခါးမကြီးကို အသံမမြန်အောင်ဖွင့်ထွက်လိုက်သည့်အထိ ရင်တထိတ်ထိတ်အခုန်မရပ်သေးပါ။

ဆောင်းည၏အပြင်လေးအေးအေးက ဖြန်းခနဲတိုးဝင်လာပေမယ့် ထိုအအေးဓာတ်ကို ဂရုစိုက်ဖို့ထက်အချစ်၏ဆွဲအားကသာ ပိုသာနေခဲ့သည်။ခြံတံခါးအထိရောက်အောင် အားသွန်ခွန်စိုက်ပြေးလာ၏။ခြံတံခါးနှင့် တိုက်၏အကွာအဝေးက အများကြီးအလှမ်းကွာနေတာမဟုတ်ပါပဲ ရင်တစ်ခုလုံးမောဟိုက်နေခဲ့သည်မှာ အိမ်သားတွေနိုးကုန်မလားဆိုသည့် စိုးရိမ်စိတ်တထိတ်ထိတ်နှင့်။ နောက်ကိုမလုံမလဲလှည့်လှည့်ကြည့်ရတာလည်း ခဏခဏ။

ဦးသျှောင်က ကားဘောနပ်ကိုမှီရပ်နေရာမှ ခြံတံခါးကိုသော့ဖွင့်ကာ ပြေးထွက်လာသည့် သူမကိုရင်ဖွင့်ကြိုနေခဲ့သည်။

"ဂါ..."

လက်ကမ်းကြိုနေသူနှင့် ပြေးဝင်ဖက်တွယ်သူတို့၏ဆုံမှတ်ကနွေးထွေးသောရင်ခွင်တစ်စုံဖြစ်နေခဲ့လေသည်။ တဖွဲဖွဲကျနေသောနှင်းများကြားဝယ် ထိုရင်ခွင်သည်အနွေးထွေးအလုံခြုံဆုံးပင်။တင်းကျပ်စွာဖက်တွယ်၍တစ်ယောက်ရင်ခုန်သံကိုတစ်ယောက်နားစွင့်ခံစားရင်း...၊

"ဂါ ဒီအချိန်ကြီးလာတယ်နော်"

ရင်ခွင်ထဲကနေခေါင်းလေးမော့၍မေးလိုက်သည့် မာနခေါင်ဖျားမျက်နှာလေးကိုငုံ့ကြည့်ကာ ဦးသျှောင်ပြုံးသည်။အပြုံးရိပ်တို့နှင့်ကြည်စင်နေသောသူမကိုကြည့်ရင်း အိပ်ရာဝင်တော့မည့်ပုံစံလေးနှင့် အနွေးထည်လေးတစ်ထည်သာထပ်ဝတ်ထားသဖြင့် ကပိုကရိုဆန်နေသော အလှတရားများနှင့်။

သူ ပြုံး၍ခေါင်းဆတ်ပြလျှင်..၊

"တစ်ယောက်တည်းလား၊ ဘယ်သူနဲ့လာတာလဲ"

မာနခေါင်ဖျားက နောက်မှာရပ်ထားသည့်ကားကိုကြည့်၍မေးသည်။ဦးသျှောင်က သူမကြည့်သည့်အတိုင်းနောက်ဘက်ကိုလှည့်ကြည့်ပြီးမှ ဒီဘက်လှည့်လာတော့နှုတ်ခမ်းတွေတွန့်ကွေးပြုံးကာ...၊

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now