👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၄၀)
"မင်း!..."
ဒေါ်ထက်မြင့်မာန် မျက်နှာသည် နီရာကနေ ညိုမည်းလာခဲ့လျက် ဆုပ်ဆွဲထားသည့်ဦးသျှောင်အကျီဆကို ပိုတင်းအောင်ဆောင့်ဆွဲပစ်လျှင် ထိုလက်ပေါ်ကနေ ဦးသျှောင်ကထပ်အုပ်ကိုင်ကာ မထီတထီပြုံး၍...၊
"မာနခေါင်ဖျားကိုရတာ နစ်နာစရာမှမရှိတာ၊ အမွေတွေမြောက်မြားစွာပိုင်ဆိုင်တဲ့သူဌေးသမက်လည်းဖြစ်၊ မိန်းမလည်းရ၊ အဟက်!..ဘဝက ဒီလောက်အဆင်ပြေနေတာ..၊လူပျိုရည်ပျက်တာလောက်တော့ အေးဆေးပါ၊ ဒါမျိုး ဘယ်သူမဆို ဆယ်ခါပြန်အပျက်ခံကြမှာပေါ့.."
"ကြည့်စမ်း!...လူပါးဝလိုက်တာ.."
ဆတ်ခနဲဆောင့်ဆွဲလိုက်တာမို့ တင်းသွားသည့်အကျီကြောင့် ဒေါ်ထက်မြင့်မာန်လက်ပေါ်ကနေထပ်၍ အုပ်ကိုင်ပြီး သူ ခပ်ထေ့ထေ့ပြုံးကာ..၊
"ပြောပြတာ၊ချစ်တာတွေ၊ကြိုက်တာတွေရွတ်ပြနေလည်း အန်တီတို့ယုံတာမှမဟုတ်တာ၊ အလကားပဲ၊ဆုပ်ကိုင်ဖမ်းဆုပ်ထားလို့ မရတဲ့အရာကြီးကို အကြောင်းပြတယ်ပြောဦးမယ်၊ ဒီတော့ အရှင်းဆုံးပဲပြောလိုက်မယ်..မာဖျားလိုမိန်းကလေးမျိုးကို ကျွန်တော့်ဘက်ကလုံးဝလက်လွှတ်မပေးနိုင်ဘူး.."
"ကဲဟယ်!...အဲဒါလူပါးဝချင်ဦး.."
"ဖြန်း!.."
"ဦးသျှောင်!.."
အသားချင်းထိခတ်သွားသံက ကျယ်လောင်စွာထွက်လာ၏။ဝီရတို့ ဦးသျှောင်ဘေးကိုစိုးရိမ်တကြီးကပ်လာကြသည်။ ဒေါ်ထက်မြင့်မာန်က ရိုက်ချလိုက်ပြီးမှ စူးစူးရဲရဲကြည့်နေလျက် ဦးသျှောင်သည် ဖွာလန်ကြဲသွားသော ဆံပင်တွေကို ခေါင်းတစ်ချက်ဆတ်ပစ်ပြီး ဒီဘက်လှည့်လာတော့ မျက်နှာထက်မှာ စောစောကအပြုံးမျိုးနှင့်ပင်။နှုတ်ခမ်းတစ်ဖက်တည်းတွန့်၍ပြုံးသော ထိုအပြုံးသည် သူနှင့်အလွန်တရာလိုက်ဖက်သော်ငြား ဒေါ်ထက်မြင့်မာန်တို့မျက်လုံးထဲတွင် မုန်းစရာရွံ့စရာကောင်းနေလေသည်။
"အောက်တန်းစား...ရွံ့စရာကောင်းလိုက်တာ.."
"အဟက်!...အန်တီ့သမီးက အဲ့ဒီ့ရွံ့စရာကောင်ကို တန်းတန်းစွဲချစ်နေတာပဲ"
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...