👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၂၃)
"ဘယ်လိုလဲ ကိုယ့်နောက်လိုက်ရဲတယ်မို့လား"
လှည့်ကြည့်လာပြီး ခနိုးခနဲ့မေးလျှင် ရင်ထဲနာကျင်ခံစားရသည်။ အဲလိုမလေးနက်တဲ့အပြုအမူတွေ မလုပ်ပါနဲ့လား ဂါရယ်။တကယ်နာကျင်ရလို့ပါ။
"မနောက်ပါနဲ့ ဂါ၊ အဲလိုအလေးအနက်မရှိတာ တို့တကယ်ဝမ်းနည်းတယ်"
စိတ်ပေါက်ပေါက်နဲ့ လွှတ်ခနဲပြောလိုက်တာပေမယ့် မာနခေါင်ဖျား မျက်နှာပျက်သွားသည်။အစစအရာရာပြည့်စုံသာလွန်တဲ့ဘဝမှာနေထိုင်တဲ့ သူဌေးသမီးတစ်ယောက်က ဘယ်လောက်အထိစွန့်စားရဲသလဲ။ ရုတ်တရက် သိချင်လာမိကာ..၊
"နောက်နေတာ မဟုတ်ဘူးဆိုရင် ငါ့နောက်လိုက်ရဲသလား၊ ဘဝတစ်ခုကိုအတူတူထူထောင်ဖို့ယုံကြည်ချက်ရှိရဲ့လား"
"ဘယ်လိုမေးလိုက်တာလဲ ဂါ၊ တစ်ဘဝစာအတွက်ရည်ရွယ်ပြီး ချစ်ခဲ့တာ အပျော်တမ်းရည်းစားထားခဲ့တာမှ မဟုတ်ပဲ၊မာနခေါင်ဖျားဆိုတဲ့မိန်းမက ကိုယ်တကယ်လက်မတွဲရဲပဲ ယောကျ်ားတစ်ယောက်ကိုလွယ်လွယ်မချစ်ဘူး၊ ချစ်ခဲ့မိပြီဆိုရင်လည်း အဲဒီတစ်ယောက်တည်းအပေါ်မှာပဲ တစ်သက်လုံးရိုးမြေကျသစ္စာရှိရှိချစ်သွားမယ်၊ ဘယ်လိုအတားအဆီးတွေရှိရှိ အဲဒီလက်ကိုမလွှတ်ဘူး"
သူ ကျေနပ်သွားရသည်။ သို့သော် ပြုံးချင်နေသည့် နှုတ်ခမ်းတွေကိုတင်းတင်းစေ့ပိတ်၍..၊
"ဒါဆို ကိုယ်ခေါ်တဲ့နောက် လိုက်ခဲ့မယ်ပေါ့"
"လိုက်ရဲတယ်၊ ဒါပေမယ့်.. ခုမဟုတ်ဘူး ဂါ၊ ဘယ်မိန်းကလေးက ခိုးရာလိုက်ချင်ပါ့မလဲ၊ နှစ်ဖက်မိဘကြည်ကြည်ဖြူဖြူနဲ့ ဂုဏ်သိက္ခာရှိတဲ့လက်ထပ်ပွဲမျိုးပဲဖြစ်ချင်တာကြတာပဲ မဟုတ်လား၊ အဲလိုမျိုးဖြစ်အောင် ကြိုးစားရမယ်၊ သူတို့လက်မခံတာကို လက်ခံနိုင်လာအောင် လုပ်ရမှာငါတို့တာဝန်ပဲ"
"ထင်သလား..."
"ဟင်..."
"မင်းမိဘတွေလက်ခံလာအောင်လုပ်ဖို့က အဲလောက်လွယ်ကူမတဲ့လား၊ ငါတော့ မထင်ဘူး၊ မင်းမိသားစုမင်းအသိုင်းအဝိုင်းအကြောင်း ငါ့ထက်မင်းကပိုသိမှာပေါ့၊ ဘာမရှိညာမရှိ ငါ့လိုသုညတစ်ကောင်နဲ့ သူတို့သမီးကို သဘောတူလိမ့်မယ်လို့၊ တကယ်တမ်း မင်းသတ္တိမရှိတာပါ ဥစ္စာဓနသုံညနဲ့ငါ့ဘဝထဲကို ဝင်မလာရဲတာပါ၊ ဆင်းရဲတဲ့ဒဏ်ကို ကြောက်နေတာပဲ မဟုတ်လား"
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...